လက်ရှိအခြေအနေမပြီးမချင်း အိမ်ပြန်မအိပ်ဘူးဆိုပြီး လမ်းမပေါ်မှာပဲ အဆင်ပြေသလိုလေးအိပ်နေကြတဲ့ ပြည်သူတချို့

//s9.kh1.co/f8/f8b0db37418c52a07a3eea2621c1de212d7e1a91.jpeg
နေ့စဉ်သတင်းများ

 ၀၁-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လက်ရှိအခြေအနေမပြီးမချင်း အိမ်ပြန်မအိပ်ဘူးဆိုပြီး လမ်းမပေါ်မှာပဲ အဆင်ပြေသလိုလေးအိပ်နေကြတဲ့ ပြည်သူတချို့

Gen Zတွေကတော့ အခုလိုအချိန်မျိုးမှာ သူတို့ရဲ့ရဲစွမ်းသတ္တိတွေကို ထုတ်ပြနေပြီး ရှေ့ဆုံးကနေ ပါဝင်ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း ဒီနေ့အချိန်ထိတိုင် မလျော့သော ဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ရင်ဆိုင်နေကြဆဲဖြစ်ပြီး မိမိတို့စွမ်းဆောင်နိုင်သလောက်တာဝန်တွေကို ကိုယ်စီထမ်းရွက်နေကြတာ ဖြစ်ပါတယ်။Gen X,Y,Zတွေကို Gen Alphaလေးတွေကပါ တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေကတော့ နှစ်လပြည့်သွားသည့်တိုင်အောင် လူထုလှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်နေကြတာကိုတွေ့မြင်နေရဆဲဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

လူငယ်တွေကလည်း နေ့စဉ်ရက်ဆက်ရင်ဆိုင်နေရပေမယ့် မမောမပန်းနိုင်ကြဘဲ ခွန်အားအပြည့်ရှိနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း တချို့လူငယ်တွေက “လက်ရှိအခြေအနေမပြီးမချင်း အိမ်ပြန်မအိပ်ဘူး”ဆိုပြီး လမ်းမပေါ်မှာပဲ အိပ်နေကြတာဖြစ်ပါတယ်။နေ့ဘက်တွေမှာ ပင်ပင်ပန်းပန်းလှုပ်ရှားနေကြတဲ့လူငယ်တွေကတော့ ညဘက်ဆိုလည်း လမ်းပေါ်မှာအခင်းလေးတွေခင်းပြီး ခဏတာအိပ်စက်အနားယူနေကြတာဖြစ်ပါတယ်။ရှေ့တန်းကနေအသက်ပေးပြီးကာကွယ်နေကြတဲ့လူငယ်တွေကိုလည်း ပြည်သူတွေကလေးစားနေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

လက်ရှိအခြေအနေမှာဆိုရင် ပြည်သူလူထုကလည်းအပြန်အလှန်ကာကွယ်စောင့်ရှောက်ပေးကြတာဖြစ်လို့ ကြုံဆုံလာရတဲ့အခက်အခဲတွေကို အတူတူမျှဝေခံစားပေးနေကြတာ ဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ လမ်းပေါ်ထွက်ရင်အသက်အန္တရာယ်မလုံခြုံဘူးဆိုတာကို သိပေမယ့်လည်း လူငယ်တွေကတော့ နေ့ဘက်တင်မကဘဲ ညဘက်တွေပါလမ်းပေါ်မှာနေကြတာဖြစ်ပါတယ်။လမ်းပေါ်မှာ အဆင်ပြေသလိုလေးအိပ်နေကြတဲ့ ပြည်သူတချို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

Source&Photo Credit:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T