ခက်ခဲနေတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေသွားရောက်လှူဒါန်းရင်း အဖိုးအဖွားတွေကိုဂါဝရပြုပြီး ဖေးမကူညီခဲ့တဲ့ဝေဠုကျော်

//s9.kh1.co/12/12e68db34e838afead5638740acc0b029a473d72.jpg
အနုပညာရှင်များ

 ၃၁-မတ်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်မှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ လေးစားချစ်ခင်နေကြရသူတွေထဲမှာ အကယ်ဒမီမင်းသားကြီးဝေဠုကျော်ကလည်း အပါအဝင်ပါပဲ..။

လက်ရှိအခြေအနေတွေမှာ လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ဝေဠုကျော်ကတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ကိုယ်တိုင်ပေးဝေလှူဒါန်းရင်း အဖိုးအဖွားတွေကိုလည်း ဂါဝရပြုကန်တော့ခဲ့တာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page

ဒီကနေ့မတ်လ(၃၁)ရက်နေ့မှာ တောင်ဒဂုံမြို့နယ်က ခက်ခဲနေကြတဲ့ပြည်သူတွေအတွက် ဆန်နဲ့ အခြားစားသောက်ကုန်တွေကို ကိုယ်တိုင်ကိုယ်ကျလိုက်လံလှူဒါန်းပြီး သက်ကြီးရွယ်အိုအဖိုးအဖွားတွေကို အားပေးစကားတွေပြောရင်း ဖေးမကူညီဂါဝရပြုခဲ့တာပါ..။

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ နေ့တိုင်းလိုလိုလှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပြီး စေတနာရှင်တွေပီတိကုသိုလ်ယူနိုင်ဖို့ကိုလည်း ဖောင်ဒေးရှင်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အလှူပုံရိပ်တွေကို ပြန်လည်ဝေမျှထားပါသေးတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"31-3-2021

ဝေဠုကျော်ဖောင်ဒေးရှင်းမှ

ယနေ့ တောင်ဒဂုံမြို့နယ်မှ လိုအပ်နေသော အိမ်ထောင်စု ၁၀၀ သို့

ဆန် ၃ပြည် စီ

ကြက်သွန်

ငါးပိ

အာလူး တို့အား သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010(K Pay)(U Soe Thein)

09455500014

09776089484(Wave). ." ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှရင်း ဆက်သွယ်လှူဒါန်းနိုင်ဖို့ကိုလည်း ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ Acc တွေကိုလည်း အသိပေးပြောပြထားတာ တွေ့ရပါတယ်..။

လိုအပ်နေတဲ့ ပြည်သူတွေအတွက် ထိရောက်စွာ ကိုယ်တိုင်ကိုယ်ကျမနားမနေ လိုက်လံလှူဒါန်းမှုတွေပြုလုပ်နေတဲ့ ဝေဠုကျော်တို့အဖွဲ့ကိုလည်း ပရိသတ်တွေက အားပေးစကားတွေပြောထားကြပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T