ကျဆုံးသွားတဲ့မော်လမြိုင်က (၁၁)နှစ်သမီးလေး အေးမြတ်သူအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ မမဆောင်း

//s9.kh1.co/21/21922a29d39b8224aedd080c81c41df1cd96a921.jpg
အနုပညာရှင်များ

 ၃၀-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

မမဆောင်းလို့ အများကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင် ဆောင်အိနြေ္ဒထွန်းကတော့ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းတဲ့ဟန်ပန်လေးတွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေက တစ်ခဲနက်အားပေးချစ်ခင်နေကြရသူပဲ ဖြစ်ပါတယ်..။

အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် အခိုင်အမာရပ်တည်နေတဲ့ သူမကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ပြီး တတ်နိုင်ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc

လိုအပ်နေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ မမဆောင်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးအတွင်း ကျဆုံးသွားခဲ့တဲ့ မော်လမြိုင်က (၁၁)နှစ် သမီးလေး အေးမြတ်သူအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။

ကွယ်လွန်ကျဆုံးသွားရှာတဲ့ သမီးငယ်လေးအတွက် ဒီကနေ့မတ်လ(၃၀)ရက်နေ့မှာ အလှူငွေ (၂)သိန်းကို လှူဒါန်းပြီးဖေးမကူညီခဲ့တာဖြစ်ပြီး သမီးလေးအတွက် စိတ်မကောင်းဝမ်းနည်းရသလို ကောင်းရာသုဂတိလားစေဖို့ကိုလည်း မမဆောင်းက ဆုတောင်းပေးထားတာ တွေ့ရပါတယ်..။

Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc

"မော်လမြိုင် မြို့ ဇေယျာ( ၂ ) ၅ လမ်း မှာ အိမ်ထဲမှာနေရင်း သမီးလေး ၁၁ နှစ် အေးမြတ်သူ အပစ်ခံရပြီး ကံမကောင်းပဲ ဆုံးသွားရှာလို့ နာရေး အလှုငွေ ၂ သိန်း မမဆောင်း မှ လှုဒါန်းပါဒယ်

သမီးလေး အေးမြတ်သူ ကောင်းရာဘုံဘဝရောက်ပါစေ

မိသားစု နဲ့ ထပ်တူဝမ်းနည်းရပါတယ်ရှင်?

လှုချင်သူများ

မော်လမြိုင် ဇေယျာ(၂) ၅ လမ်း

ဖုန်း က ကိုမျိုး 09425269037.." ဆိုပြီး စိတ်မကောင်းစွာ ရေးသားပြောပြထားတာပါ..။

သူမရဲ့အလှူအကြောင်းကို ပြန်လည်ဝေမျှရင်း သမီးလေးအတွက်လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက်လည်း ဆက်သွယ်လှူဒါန်းနိုင်မယ့်ဖုန်းနံပါတ်နဲ့ လိပ်စာကိုလည်း အသိပေးပြောပြထားတာလည်း တွေ့ရပါတယ်..။

Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc
Photo Credit - Saung Eindaray's Fb Acc

သတင်း အရင်းအမြစ်Saung Eindaray's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T