ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကိုအမြဲရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသလူရွှင်တော် ဇာတ်ပို့သရုပ်ဆောက်ဦးကျော်ထူးကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွလုပ်ဆောင်နေတဲ့ ဦးကျော်ထူးကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေအားလုံးနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။
ဦးကျော်ထူးကတော့ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေကိုပြုလုပ်နေပြီး ပြေးလွှားရှောင်ပုန်းရင်း အခွင့်မသာလို့ ကွယ်လွန်ကျဆုံးသွားရင်ဆိုပြီး သေတမ်းစာအဖြစ် ဇနီးဖြစ်သူဆီ စာရေးသားထားတာ တွေ့ရပါတယ်..။
တော်လှန်ရေးတိုက်ပွဲကြီးမှာ အခန့်မသင့်လို့ကျဆုံးသွားရင် ပရိသတ်တွေကို အမြဲပြုံးရယ်စေခဲ့တဲ့ သူ့ဘဝခရီးရဲ့အစဖြစ်တဲ့ လူရွှင်တော်တောင်ရှည်ဝတ်စုံကို မျိုးဆက်သစ်လူငယ်တွေဆီ လက်ဆင့်ကမ်းဖို့ မှာတမ်းခြွေစာရေးသားခဲ့တာပဲ ဖြစ်ပါတယ်..။
"{မှာတမ်း}
အကယ်၍များပေါ့
နွေဦးတော်လှန်ရေးမှာ အခွင့်မသာလို့
ပြေးလွှားပုန်းအောင်းရင်းနဲ့ ကွယ်လွန်ကျဆုံးသွားရင်
ပရိတ်သတ်ကိုပျော်ရွှင်စေခဲ့တဲ့ ကျနော်ဘဝခရီးအစ
{တောင်ရှည်}ကဆိုသလို လူရွှင်တော်တောင်ရှည်ဝတ်စုံလေးကို
မျိုးဆက်သစ်လူငယ်လေးတွေကို လက်ဆင့်ကမ်းလိုက်ပါ
အိမ်သူသက်ထားထူးသခင်ရေ..." ဆိုပြီး ဇနီးဖြစ်သူကို စာရေးပြောထားတာပါ..။
ဦးကျော်ထူးရဲ့ ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေအပြင် အနုပညာရှင်တွေကလည်း အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ U Kyaw Htoo's Fb Acc