လက်ရှိကာလအတွင်းမှာ ကျဆုံးသွားတဲ့ ပြည်သူတွေရဲ့နာရေးသတင်းတွေကတော့ တကယ့်ကို စိတ်ထိခိုက် ဝမ်းနည်းစရာကောင်းလှပါတယ်။ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေထဲမှာ ရှေ့ဆုံးကနေ ရဲရဲရင့်ရင့်ကာကွယ်ပေးရင်းနဲ့ ကျဆုံးသွားတဲ့သူတွေရှိသလို ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကြွေလွင့်ခဲ့ရတဲ့ ကလေးငယ်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ မော်လမြိုင်မြို့က သမီးငယ်လေးတစ်ယောက်ကလည်း ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ် ။
အသက် (၁၁) နှစ်အရွယ်သာရှိသေးတဲ့ သမီးလေး မအေးမြတ်သူက စတုတ္ထတန်းအောင်မြင်ထားပြီး အ.ထ.က(သုခဝတီ)မှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တစ်ဦး ဖြစ်ပါတယ် ။ သမီးလေး အေးမြတ်သူက ဒိုင်းဝန်းကွင်း လူထုလှုပ်ရှားမှုပွဲကို လူစုခွဲဖြိုခွင်းခဲ့ရတဲ့အချိန်မှာ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ် ။ ငယ်ရွယ်သေးတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့နာရေးသတင်းကတော့ ကြားသိလိုက်ရတဲ့ ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။
သမီးလေးအေးမြတ်သူရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့မတ်လ (၂၈) ရက်နေ့၊ နေ့လည်(၂)နာရီမှာ ပိန္နဲကုန်းမြန်မာသုဿန်တွင် မီးသင်္ဂြိုဟ်ပြီး အရိုးအိုးကို အုတ်ဂူသွင်းခဲ့တာ ဖြစ်ပါတယ် ။ မအေးမြတ်သူရဲ့Dead Body ဘေးမှာတော့ သူမရဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ဓာတ်ပုံလေးကိုပါ ထည့်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အသက် (၁၁)နှစ်အရွယ်လေးနဲ့ ကြွေလွင့်ခဲ့ရတဲ့ မော်လမြိုင်မြို့က သမီးလေးရဲ့စျာပနခရီး မြင်ကွင်းပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သမီးလေးလည်း ကောင်းရာမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Source & Photo Credit-Myint Soe's FB Acc