ထမင်းမစားရတာရက်အတော်ကြာတဲ့အထိ စားဝတ်နေရေးခက်ခဲနေကြရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေလှူဒါန်းခဲ့တဲ့ သန္တာလှိုင်

//s9.kh1.co/d2/d2b7f3a60f7490ec95604372b561d1748f875103.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ သန္တာလှိုင်ကတော့ မိသားစုလိုက်လူထုလှုပ်ရှားမှုတွေကို အားကြိုးမာန်တတ်လုပ်ဆောင်နေပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ အဖက်ဖက်ကနေ ပါဝင်အားဖြည့်နေသူပဲ ဖြစ်ပါတယ်..။

တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်နေတဲ့ သူမကတော့ လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲပင်ပန်းနေကြတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေပေးဝေလှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်..။

Photo Credit - Thandar Hlaing သန္တာလှိုင် Fb Acc

ဒုတိယအကြိမ် လှူဒါန်းမှုဖြစ်တဲ့ အဆိုပါအလှူကိုတော့ အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပြီး တကယ်လိုအပ်နေတဲ့ ဒလဖက်အခြမ်းအနီးနားရွာက ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်..။

ထမင်းမစားရတာရက်အတော်ကြာတဲ့အထိ စားဝတ်နေရေးခက်ခဲနေကြရလို့ ယူလာတဲ့အထုတ်တွေတောင်မလောက်ငှခဲ့ဘဲ ကလေးသူငယ်နဲ့ မိသားစုဝင်များနေတဲ့အိမ်တွေ၊ အဖိုးအဖွားအိမ်တွေကို ဦးစားပေးလှူဖြစ်ခဲ့ပြီး အားတင်းထားဖို့ပြောရင်း ထပ်မံလှူဒါန်းဦးမယ့်အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။

"T Fitness မိသားစုဝင်များ ကိုယ်စား အားလုံး ဝိုင်းဝန်းကူညီမှုနဲ့ ဒုတိယအကြိမ် အကူအညီလိုသူများထံ ပံ့ပိုးမှုလေး အောင်မြင်ခဲ့ပါတယ်။

ဒီတခါတော့ ဒလဖက်အခြမ်းနဲ့ အနီးနားက ရွာတွေက တကယ်အကူအညီလိုအပ်နေတဲ့ နေရာတွေကို မေးမြန်းပြီး ပံ့ပိုးနိုင်ခဲ့ပါတယ်။ ထမင်းမစားရတာ ရက်အတော်ကြာတဲ့အထိ ဒုက္ခရောက်နေကြတယ်လို့ သိရပြီး ယူလာတဲ့ အထုတ်တွေတောင် မလောက်ခဲ့လို့ ကလေးသူငယ်နဲ့ မိသားစုဝင်များနေတဲ့အိမ်တွေ၊ အဖိုးအဖွားအိမ်တွေကို ဦးစားပေး ခဲ့ပါတယ်။ အကူအညီလိုအပ်နေသူတွေကို အားတင်းထားကြဖို့ အားပေးရင်း မကြာခင် ထပ်မံပံ့ပိုးနိုင်ဖို့လည်း ကတိပြုခဲ့ပါတယ်။

T Fitness မိသားစုဝင်များနဲ့အတူ ပါဝင်လှူဒါန်းခဲ့ကြတဲ့၊ လုပ်အားဖြည့် ကူညီခဲ့ကြတဲ့ ဗိုလ်ရာညွန့်မိသားစုများနှင့် ယောမင်းကြီး လူငယ်များ၊ ပါဝင်ကူညီကြသူများ အားလုံးအတွက်လည်း ဂုဏ်ယူပါတယ်။

ကျွန်မတို့ ပြည်သူတွေရဲ့ အခြေခံ Basic Human Rights ဖြစ်တဲ့ ကျန်းမာရေး Health & Fitness ကိုလည်း လက်လှမ်းမှီ ရယူနိုင်ဖို့ T Fitness Application ကို အခမဲ့ အသုံးပြုရန် code နံပတ်လေးနဲ့ အချိန်အကန့်အသတ်မရှိ ဖွင့်ပေးထားပါတယ်နော်၊

အရေးတော်ပုံ အောင်ရမည် !. ." ဆိုပြီး အလှူနဲ့ပတ်သက်ပြီး သန္တာလှိုင်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာပါ..။

သတင်း အရင်းအမြစ်Thandar Hlaing သန္တာလှိုင် Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T