ဝဋ်ကြွေးကျေတဲ့နေ့တွေအထိ ကောင်းမှုတွေပြုပြီး အတူတူဖြတ်သန်းကြဖို့ပြောလာတဲ့ ညီညီမောင်

//s9.kh1.co/5e/5e454d19516c7833df51f68ebcacda71d03b0fa5.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

မိတ်ကပ်ပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေရိုက်ကူးထားပြီး ပရိသတ်အချစ်တွေသိမ်းပိုက်ထားနိုင်တဲ့ ညီညီမောင်(စမ်းချောင်း)ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအားလုံးနဲ့အတူ ရပ်တည်နေသူပါ..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ အများပြည်သူနဲ့တစ်သားတည်းပါဝင်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ အလှူတွေကို အင်တိုက်အားတိုက်ပြုလုပ်နေတဲ့အပြင် အဖက်ဖက်ကနေပါဝင်အားဖြည့်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

တတ်နိုင်တာတွေကို အကောင်းဆုံးကြိုးစားလုပ်ဆောင်နေတဲ့ ညီညီမောင်ကတော့ ဘာသာရေးနဲ့ပတ်သက်ပြီး ဝဋ်ကြွေးကျေတဲ့နေ့တွေအထိ ကောင်းမှုတွေပြုပြီး အတူတူဖြတ်သန်းကြဖို့ ပရိသတ်တွေကိုပြောပြလာပါတယ်..။

သံသရာမှာမကောင်းတာတွေ ဘယ်လောက်လုပ်ထားမိလဲမသိတာမို့ အကြွေးမှန်ရင် ဆပ်ရမှာပဲဖြစ်ပြီး ကြိုးစားဆပ်ရင်း ဝဋ်ကြွေးကျေတဲ့နေ့တွေဆီ ကောင်းတာတွေ အတူတူပြုကြဖို့ကို တိုက်တွန်းပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

"ကျွန်မတို့

ဘာသာရေးက တတ်နိုင်သ၍ ပိုလုပ်ကြရမှာပါ...

အကြောင်းကြောင့် အကျိုး

ကောင်းတဲ့ အကြောင်းတွေ ပိုဖန်တီးရမှာမို့...

တချို့

ဘာသာရေး အယုံကြည်မရှိတော့ဘူး

ဘုရား ဆိုတာတကယ်ရောရှိလား

ဆိုတဲ့ status လေးတွေ ကို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ကြားမှာ တွေ့မိရလို့ပါဗျ

သံသရာ မှာ မကောင်းတဲ့အကြောင်းတွေ ဘယ်လောက်လုပ်ထားခဲ့မိလည်း ဆိုတာ ကျွန်မတို့ မသိနိုင်ကြပါဘူး ...

ပွင့်တော်မူပီးသော မြတ်စွာဘုရားရှင်များက နည်းမှန် လျှောက်ရမယ့်လမ်းမှန်ပဲ ပြခဲ့ကြတာပါ..

မိမိ ကိုယ်တိုင်လျှောက်ကြရတာပါပဲ ..

အကြွေးမှန်ရင် ဆပ်ရမှာပဲမို့

ကျွန်မတို့ ကြိုးစားဆပ်ရင်း ဝဋ်ကြွေးကျေတဲ့နေ့တွေဆီ ကောင်းတာတွေပြု အတူတူသွားရအောင်ပါ...

ပြုသူအသစ် ခံရသူတို့ အဟောင်း

ဝဋ်ကြွေး ကျေတော့မည်??

MarchForFreedom.." ဆိုပြီး သုသုက ရေးသားပြောပြထားတာပါ..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

သတင်း အရင်းအမြစ်Nyi Nyi Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T