ပြည်ပမှာနေပေမယ့်လည်း အသက်ရှင်နေသရွေ့ ပြည်သူတွေဘက်မှ ရပ်တည်ကာ ပံ့ပိုးကူညီသွားမယ့်အကြောင်း အသိပေးလာတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/5d/5dbe1b2d8fa0ba0e066de670de8204e3f036f85d.jpeg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဥက္ကာမင်းမောင်ကတော့  ပြည်ပနိုင်ငံတွင် နေထိုင်ပေမယ့်လည်း  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့ အရေးနဲ့ပတ်သက်ပြီးတော့  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှ  တစ်ဆင့်  Speak out လုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။  သူနေထိုင်ရာ  နယူးယောက်မြို့တွင် ပြုလုပ်တဲ့  မြန်မာနိုင်ငံအရေးအတွက်  ဆန္ဒထုတ်ဖော်ပွဲမှာလည်း  တတ်နိုင်တဲ့  အခန်းကဏ္ဍကနေ  ပါဝင်ဆောင်ရွက်ခဲ့သူလည်း  ဖြစ်ပါတယ်။  ပြည်သူတွေဘက်ကနေ  အခိုင်အမာရပ်တည်ပေးနေသူဖြစ်တာကြောင့်  အားလုံးက ချီးကျူးနေကြတာပါ။

Photo Crd-Okkar Min Maung’s Facebook Account 
Photo Crd-Okkar Min Maung’s Facebook Account 
Photo Crd-Okkar Min Maung’s Facebook Account 
Photo Crd-Okkar Min Maung’s Facebook Account 

မြန်မာနိုင်ငံတွင် ဖြစ်နေတဲ့ အခြေအနေများကိုလည်း သူ့ရဲ့လူမှုကွန်ယက်များမှတစ်ဆင့်  ဝေမျှပေးနေတာကိုလည်း  မြင်တွေ့ကြရမှာပါ။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ဥက္ကာမင်းမောင်ရဲ့ Facebook အကောင့်တွင်  ပြည်ပမှာနေပေမယ့်လည်း  ပြည်သူတွေဘက်မှအခိုင်အမာ ရပ်တည်ကာ ပံ့ပိုးကူညီသွားမယ့်အကြောင်း အသိပေးရေးသားလာတာပဲ  ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ  ကျန်းမာရေးမကောင်းပေမယ့်လည်း တတ်နိုင်သလောက်  အလှူငွေထည့်ချင်တာကြောင့်  အလုပ်ချိန်ပိုလုပ်ဖြစ်နေကြောင်းကိုလည်း ပြောပြထားတာပါ။  

Photo Crd-Okkar Min Maung’s Facebook Account 
Photo Crd-Okkar Min Maung’s Facebook Account 
Photo Crd-Okkar Min Maung’s Facebook Account 
Photo Crd-Okkar Min Maung’s Facebook Account 

" အစာအိမ်ပြန်​ရောင်​နေတာ နေလို့သိပ်မ​ကောင်း... အလုပ်ချိန်ကလည်း  တစ်ပတ် နာရီ ၅၀ ​လောက်ဖြစ်​နေတာ..​အိမ်ပြန်​ရောက်တာနဲ့ ပင်ပန်းပြီး ဖတ်ဖတ်ကို​မော​ ဘာမှ မလုပ်ချင်မကိုင်ချင်.. ကိုယ်​ရှေ့ဆက်မယ့် plan ​တွေအတွက်အပြင် လှူချင်တဲ့အတွက်​ကြောင့်လည်း အလုပ်ချိန်ပိုလုပ်​နေပါတယ်.. 

ကိုယ့်​ဝင်​ငွေထဲ မျှပြီး​တော့ ​နေရာစုံ လိုက်လှူ​နေပါတယ်.. အ​​ဝေးက​နေ ကိုယ်တတ်နိုင်တဲ့ဘက်က အသက်ရှင်​နေသ​ရွေ့ ပြည်သူ့ဘက်ကရပ်တည်ပြီး ပံ့ပိုးကူညီသွားပါမယ်.. ​ပြီးခဲ့တဲ့ ရက်​တွေက Facebook ​ပေါ် မှာ သိပ်မရှိတာ​နေသိပ်မ​ကောင်းတာနဲ့ အလုပ်မအားတာ​ကြောင့်ပါ.. အားလုံးစိတ်ကျန်းမာ​ရေး Mental Health ကလဲ အ​ရေးကြီးတဲ့အတွက်ဒီအချိန်မှာ စိတ်​ညစ် စိတ်ဓါတ်ကျ​​နေကြမှန်းလည်း  သိ​ပေမယ့် ကိုယ့်စိတ်​သက်သာရာရ​စေမယ့် ရုပ်ရှင်ကြည့်တာမျိုး သူငယ်ချင်း​တွေနဲ့ စကား​ပြောတာမျိုး မိသားစုနဲ့ တူတူ အချိန်ဖြုန်းတာမျိုး​လေး​တွေလည်း လုပ်ပါလို့​ပြောချင်ပါတယ်... ​​ဒီမိုက​ရေစီပြန်မရမချင်း ရေရှည်မှာစိတ်​ထောင်းလို့ ကိုယ်​ကြေဖြစ်မှာစိုးလို့ပါ.. အရှုံးမ​ပေးဘူး​နော်... အားတင်းထား.. အ​ရေး​တော်ပုံ​အောင်ရမည်?? " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Okkar Min Maung’s Facebook Account 

Photo Crd-Okkar Min Maung’s Facebook Account 
Photo Crd-Okkar Min Maung’s Facebook Account 
Photo Crd-Okkar Min Maung’s Facebook Account 
Photo Crd-Okkar Min Maung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T