လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကလေးမြို့တွင် ကျဆုံးသွားတဲ့ သူရဲကောင်းလေးဦးအတွက် စိတ်ထိခိုက်ဝမ်းနည်းနေတဲ့ သက်မွန်မြင့်

//s9.kh1.co/34/342e9001788555b57c029ebba80416b0c9086894.jpeg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  သက်မွန်မြင့်ကတော့ ပရိသတ်တွေ  အရိပ်တကြည့်ကြည့်နဲ့ ချစ်ခင်အားပေးနေရတဲ့  ပြည်သူချစ်မင်းသမီးတစ်လက်လည်း  ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း  အမြဲအလေးထားသူဖြစ်တာကြောင့်  အားလုံးက သူမရဲ့စိတ်ထားလေးကို လေးစားနေကြတာပါ။ ချစ်သက်ကတော့  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  အနုပညာရှင်များနဲ့အတူ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 

နေမကောင်းဖြစ်နေတဲ့ ကြားထဲကနေ  ပြည်သူတွေနဲ့အတူ  လမ်းပေါ်ထွက်ကာ  ရင်ထဲက ဆန္ဒအမှန်တရားတွေကို  ထုတ်ဖော်ပြသခဲ့တာလည်း  ဖြစ်ပါတယ်။ အခုမှာလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ကလေးမြို့တွင် ကျဆုံးသွားတဲ့ သူရဲကောင်းလေးဦးအတွက် စိတ်ထိခိုက်ဝမ်းနည်းနေကြောင်းကိုရေးသားထားတာပဲ  ဖြစ်ပါတယ်။ စိုးရိမ်ရတဲ့  အခြေအနေမှာရှိတဲ့ ပြည်သူ(၄) ဦးနဲ့ ဒဏ်ရာရရှိထားတဲ့ ပြည်သူအယောက်(၃၀) အတွက်လည်း စိတ်ပူနေတာပါ။

Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 

" ကလေးမြို့လေးမှာ သုံးသွားတဲ့ လက်နက်တွေက???

ပြည်သူတွေကို အဲ့လောက်တောင်လား အဲ့လောက် လိုလားရှင်!

တကယ်ဆို ငါတို့ ကလေးမြို့လေးက 

သေးတယ်ဆိုရင်လည်း ပြောလို့ရတဲ့မြို့လေးတစ်ခုပါ ဘဲ...

တူမီး သေနတ်အားပြုတဲ့ ဖက်ဒရယ်တိုင်းရင်းသားတွေကို RPG Bomb တွေ G3 တွေ Sniper တွေ Machine Gunတွေ 

သုံးပီးဖြိုခွဲသွားတာတော့ တော်တော့်က်ိုလွန်ပါတယ်..

ငါတို့ရဲ့ရင်ထဲထိကိုနာကျင်ရပါတယ်

ဒီနေ့ ကျဆုံးသွားတဲ့ အာဇာနည် ?

မအားခူ

မောင်ဆန်းသဲ

မောင်သားချစ်  

ကိုထန်ဟောင်လျန်း

သူတို့ကတော့တာဝန်ကျေနှုတ်ဆက်ခဲ့ကြပီ ?

စိုးရိမ်ရအခြေနေ ( ၄ ) ဦးနဲ့ ဒဏ်ရာရရှိသူဦးရေ ၃၀ ကျော်အတွက်ကိုလည်း ဆုတောင်းပေးနေရပါတယ် 

ခုထိလည်းအခြေနေက မငြိမ်သေးပါဘူး သေနတ်သံတွေကကြားနေရဆဲပါဘဲ...

media အားနည်းတဲ့ မြို့လေးမို့ speak out လုပ်ပေးကြပါဦးရှင်???" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီးပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thet Mon Myint’s Facebook Page 

Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T