အလှူရှင်တွေနဲ့ပူးပေါင်းပြီး ပြည်သူတွေအတွက် စားဝတ်နေရေးအခက်အခဲတွေကိုတတ်နိုင်သလောက်ကူညီ လှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/29/293eb131698e97ce2f924b58c0cc957058bcfa8b.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ဂီတလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အဆိုတော်ရေဗက္ကာဝင်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်ကာ ပြည်သူတွေဘက်ကနေ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ငွေအား လူအားတွေနဲ့ အဖက်ဖက်ကနေ တတ်နိုင်သလောက် ပြည်သူတွေအတွက် အားဖြည့်ပါဝင်ပေးနေတဲ့ ရေဗက္ကာဝင်းကတော့ နေ့တိုင်းလိုလို လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း ပရိသတ်တွေမကြာခဏဆိုသလို မြင်တွေ့ရမှာပါ..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

ပြည်သူတစ်ယောက်အနေနဲ့ ကျရာတာဝန်ထမ်းနေတဲ့ ရေဗက္ကာဝင်းကတော့ ဒီကနေ့မှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူအချို့အတွက် စားသောက်ကုန်တွေလှူဒါန်းပြီး ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။

စေတနာရှင်မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ မြောက်ဒဂုံနဲ့ ရန်ကင်း၊ တောင်ဥက္ကလာတို့မှာ အိမ်ထောင်(၁၅၀)စာအတွက် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေကို လိုက်လံပေးဝေ လှူဒါန်းခဲ့တာဖြစ်ပြီး မန္တလေးကနာရေးတွေအတွက်လည်း အလှူငွေတွေ ထည့်ဝင်လှူဒါန်းခဲ့ပါသေးတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

"ဒီနေ့ စေတနာရှင်များဖြစ်ကြတဲ့

Shingni Nbat အနုပညာပိုးသဘက်(မြစ်ကြီးနား)

ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စစ်ကို)၊

မနဒီဝါ ၊ မThidar Dwyer (LA) တို့နဲ့အတူပေါင်းပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက်

ဆန်

ဆီ

ကြက်သွန်နီ

ကြက်သွန်ဖြူ

ငြုပ်သီးခွဲခြမ်းမှုန့်

ကုလားပဲ

ပဲမှုန့် အကျက်

ပမှုန့်အစိမ်း

ခေါက်ဆွဲခြောက်ထုပ်

အိမ်ထောင် ၁၅၀စာ မြောက်ဒဂုံနဲ့ ရန်ကင်း၊ တ/ဥက္ကလာတို့မှာ ကုသိုလ်ဖြစ်ပါဝင်လှူဒါန်းခဲ့ပါတယ်?

မန္တလေးနာရေးအတွက်လည်း မPyae Phyo Khine နဲ့အတူ ကူငွေပါဝင်ဖြစ်ခဲ့ပါတယ်..." ဆိုပြီး အလှူရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုတွေကိုပြောပြထားပြီး အလှူပုံရိပ်တွေကိုလည်း အသိပေးဝေမျှထားတာပဲ ဖြစ်ပါတယ်..။သာဓုခေါ်စရာကောင်းလွန်းတဲ့ ရေဗက္ကာဝင်းနဲ့ သူမတို့သူငယ်ချင်းတွေရဲ့ အလှူကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးနေကြတာလည်း Comment တွေမှာ တွေ့ရပါတယ်..။

Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc
Photo Credit - Rebecca Win's Fb Acc

သတင်း အရင်းအမြစ်Rebecca Win's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T