ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောနေဒွေးကတော့ လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။
အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ နေဒွေးကတော့ စီးပွားရေးလုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ်လုပ်နေပြီး အလှူအတန်းတွေမှာလည်း ပြည်သူတွေအတွက် အမြဲအားပေးကူညီနေတာလည်း တွေ့ရပါတယ်..။
အမြဲတမ်းလိုလိုလှူဒါန်းမှုတွေပြုလုပ်နေတဲ့ နေဒွေးကတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အဖိုးအဖွားပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်..။
သာကေတမြို့နယ်မှာရှိတဲ့ စားဝတ်နေရေးခက်ခဲနေကြတဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေအတွက် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေအပြင် အလှူငွေတွေလည်းလှူဒါန်းခဲ့တာဖြစ်ပြီး အလှူကိုလည်း အသိပေးဝေမျှထားပါသေးတယ်..။
"ဤနေ့ကုသိုလ်??????
သာကေတမြို့နယ်တွင်းရှိ စားဝတ်နေရေးခက်ခဲနေသော သက်ကြီးရွယ်အိုဘိုးဘွားများအတွက် ဆန် ,ဆီ ,ခေါက်ဆွဲခြောက် ,လက်ဖက်,ငါးသေတ္တာ ,ကိတ်မုန့်များ နှင့် လိုအပ်တာသုံးဖို့ ငွေသား ၃၀၀၀၀ ကျပ် တို့ကို BTZ လူငယ်အဖွဲ့နှင့်အတူလှုဒါန်းပေးခဲ့ပါတယ်ခင်ဗျ??????
ဤကုသိုလ်သည် JITTOO အော်ဂန်းနစ်ဆန်များကိုဝယ်ယူအားပေးကြတဲ့ ချစ်သောပရိသတ်များအားလုံးစုပေါင်းအလှုဖြစ်ပါတယ်ခင်ဗျ??????.." ဆိုပြီး သူ့ရဲ့အလှူလေးကို ဝေမျှထားတာပါ..။
အဖိုးအဖွားတွေအတွက်လည်း ဖေးမကူညီမှုလေးတွေနဲ့ တတ်နိုင်သလောက် လှူဒါန်းနေတဲ့ နေဒွေးရဲ့ကုသိုလ်အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Nay Dway's Fb Acc