များစွာသော ပရိသတ်တွေရဲ့ရှေ့မှာရပ်ကာ မြန်မာနိုင်ငံတွင်လက်ရှိ ဖြစ်ပျက်နေတဲ့အကြောင်းအား ပြောခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူနေတဲ့ ဟန်လေး

//s9.kh1.co/54/54b4d7bd8ab25f02040925e9622d42d203c1fc5d.jpeg
အနုပညာရှင်များ

 ၂၈-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

အလှမယ်ဟန်လေးကတော့  Miss Grand International ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ်  သွားရောက်ယှဉ်ပြိုင်ခဲ့တာပဲ  ဖြစ်ပါတယ်။ ပြင်ဆင်နေဆဲကာလမှာကတည်းက  မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့  ကိစ္စရပ်တွေကို  speak out လုပ်ပေးခဲ့တာပဲ  ဖြစ်ပါတယ်။  တိုင်းပြည်အတွက် ကျရာအခန်းကဏ္ဍကနေ  ပါဝင်ဆောင်ရွက်ပေးနေတဲ့  ဟန်လေးရဲ့ စိတ်ထားကတော့  လေးစားစရာပါပဲနော်။

Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ Miss Grand International ပြိုင်ပွဲမှာလည်း  များစွာသော ပရိသတ်တွေကြားမှာ  မြန်မာနိုင်ငံရဲ့ပြင်းထန်နေတဲ့ အခြေအနေတွေကို ပြောပြခဲ့တာပဲ  ဖြစ်ပါတယ်။  အနုပညာရှင်များကလည်း   မြန်မာ့နိုင်ငံအရေးကိုကမ္ဘာ့အလယ်မှာ ချပြခဲ့တဲ့  ဟန်လေးရဲ့ စိတ်ဓာတ်ကို ချီးကျူးဂုဏ်ယူနေကြတာပဲ  ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း ဟန်လေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လူအများရဲ့ရှေ့မှာရပ်ကာ လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပျက်နေတဲ့အကြောင်းအား ပြောခွင့်ရခဲ့တဲ့အတွက်  ဂုဏ်ယူနေကြောင်းကို ဝေမျှလာတာပဲ  ဖြစ်ပါတယ်။

Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong

သူမကလည်း " ကျွန်မ ဘဝမှာမြန်မာပါဆိုပြီး ဂုဏ်ယူစွာနဲ့ လူအများရှေ့မှာ ရပ်တည်ပြီး မြန်မာနိုင်ငံအကြောင်းပြောခွင့်ရခဲ့တဲ့အချိန်...အဲ့ဒီအချိန်က ကျွန်မအတွက်အခမ်းနားဆုံးသော အချိန်ပါဘဲ? 

#MissGrandMyanmar2020

#HL " ဆိုပြီး ရေးသားခဲ့ပြီး ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပုံရိပ်တွေကိုပါ  ဝေမျှလာတာကြောင့်  ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source-Han Lay’s Facebook Account 

Photo Crd-Dew Natthapong

Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Photo Crd-Dew Natthapong
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T