ကျဆုံးသွားတဲ့ကချင်တိုင်းရင်းသားလေး ထီဆန်ဝမ်ဖီ အတွက် အလှူငွေနဲ့အတူ တတ်နိုင်သလောက်ဖေးမကူညီခဲ့တဲ့ ဆွိဝတ်ရည်သောင်း

//s9.kh1.co/f9/f95b7b01080861295a9273dee720b0e77c898d37.jpg
အနုပညာရှင်များ

 ၂၈-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုတတ်ပြီး အနုပညာလောကမှာ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားသူကတော့ နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းတို့ရဲ့ ညီမအငယ်ဆုံးလေးဖြစ်တဲ့ ဆွိဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်..။

ဆွိဝတ်ရည်သောင်းကတော့ တော်လှန်ရေးတိုက်ပွဲအတွင်း လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ခွန်အားအပြည့်နဲ့ အားကြိုးမာန်တတ်ပါဝင်နေသလို တတ်နိုင်တဲ့ဘက်ကနေလည်း အကောင်းဆုံးပါဝင်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Sweet Wutt Yi Thaung's Fb Acc
Photo Credit - Sweet Wutt Yi Thaung's Fb Acc
Photo Credit - Sweet Wutt Yi Thaung's Fb Acc
Photo Credit - Sweet Wutt Yi Thaung's Fb Acc

ဖေဖော်ဝါရီလအစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေကို ကိုယ်တိုင်ကိုယ်ကျအားတတ်သရော လုပ်ဆောင်နေတဲ့ ဆွိဝတ်ရည်သောင်းကတော့ သင်္ဃန်းကျွန်းက ကျဆုံးသွားတဲ့ အသက်(၁၉)နှစ်အရွယ် ကချင်တိုင်းရင်းသားလေး ထီဆန်ဝမ်ဖီ (ခ) ဖီထွန်း အတွက်လည်း အလှူငွေတွေလှူဒါန်းပြီး ဖေးမကူညီခဲ့ပါတယ်..။

"လူညီရင် အရှေ့ထွက်တိုက်လို့ရပြီ"လို့ ပြောပြီး သိပ်မကြာခင်မှာပဲ ပါးကိုထိမှန် ကျဆုံးသွားတာဖြစ်ပြီး တစ်ခြားသူတွေကို ထိမှာစိုးလို့ သူ့ကိုပစ် သူ့ကိုပစ်ဆိုပြီး ရဲရင့်လှစွာနဲ့ သူ့အသက်ကိုစတေးပြီး အခြားလူတွေကို အတတ်နိုင်ဆုံးကာကွယ်ပေးခဲ့တဲ့ အာဇာနည်သူရဲကောင်းလေး ဖီထွန်းအတွက် ဆွိဝတ်ရည်သောင်းက အလှူငွေတွေနဲ့ ဖေးမကူညီခဲ့တာပါ..။

Photo Credit - Fallen Heroes of Myanmar Fb Page
Photo Credit - Fallen Heroes of Myanmar Fb Page
Photo Credit - Sweet Wutt Yi Thaung's Fb Acc
Photo Credit - Sweet Wutt Yi Thaung's Fb Acc

"မောင်လေး Phi Tun အတွက် ကိုယ်တတ်နိုင်သလောက်လေး

သွားလုပ်ပေးခဲ့ပါတယ်။ အကူငွေထည့်တာတောင်

လက်မခံဘူး ။ သူ့အကိုလက်ထဲအတင်းထည့်ပေးခဲ့ရတယ် ။

တစ်ကယ်ရိုးသားလွန်းတဲ့ တိုင်းရင်းသားလေးတွေပါ ....

RIP ပါ မောင်လေး Phi Tun ရေ.." ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာပါ..။

ယူကြုံးမရစွာနဲ့ ဝမ်းနည်းစကားလေးပြောရင်း အလှူငွေတွေလှူခဲ့တဲ့ ဆွိဝတ်ရည်သောင်းရဲ့ အလှူလေးကိုလည်းသာဓုခေါ်ကာ ကျဆုံးသွားတဲ့သူရဲကောင်းလေးအတွက်လည်း ပရိသတ်တွေက ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Sweet Wutt Yi Thaung's Fb Acc
Photo Credit - Sweet Wutt Yi Thaung's Fb Acc
Photo Credit - Sweet Wutt Yi Thaung's Fb Acc
Photo Credit - Sweet Wutt Yi Thaung's Fb Acc
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T