ဒဏ်ရာရပြီးအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့ ပြည်သူအတွက် တတ်နိုင်သလောက်ဖေးမကူညီလှူဒါန်းခဲ့တဲ့ မေဦး

//s9.kh1.co/f6/f6b0ae7a3c1c2f7935c3158c2fd453c8f4296244.jpg
အနုပညာရှင်များ

 ၂၈-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အမိုက်စားမိတ်ကပ်လိမ်းခြယ်မှုတွေကြောင့် မိတ်ကပ်ပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ကိုယ်တိုင်ကိုယ်ကျ တတ်ကြွစွာပါဝင်လှုပ်ရှားနေသူပဲ ဖြစ်ပါတယ်..။

မေဦးကတော့ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ နေ့ရက်တိုင်းလိုလို အင်တိုက်အားတိုက်ပါဝင်ခဲ့သလို အလှူအတန်းတွေကိုလည်း ဆက်တိုက်ပြုလုပ်နေကာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

လိုအပ်သလိုလှူဒါန်းမှုတွေပြုလုပ်နေတဲ့ မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်သလို အသက်မဆုံးရှုံးခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တဲ့ပြည်သူတွေအတွက်လည်း ဖေးမကူညီမှုလေးတွေနဲ့ အလှူငွေတွေလှူဒါန်းခဲ့ပြန်ပါတယ်..။

သာကေတသပိတ်မှာဒဏ်ရာရရှိခဲ့တဲ့ သူရဲကောင်းလေးအတွက် ဖေးမကူညီမှုတွေနဲ့အတူ အလှူငွေ (၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီး အခြားလိုအပ်နေတဲ့ နေရာလေးတွေမှာလည်း ထပ်မံလှူဒါန်းခဲ့တဲ့အကြောင်းလေးကို ပြောပြထားပါသေးတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

"ဒီရက်ပိုင်း လိုအပ်တဲ့နေရာတွေကို မေဦးတို့အဖွဲ့

လှူပေးနေပါတယ် ကိုယ်တိုင်ပုံတင်ဖို့အဆင်မပြေသေးတဲ့အတွက် တင်ပေးတဲ့သူတွေရဲ့ post လေးတွေပဲ share လိုက်ပါတယ်ခင်ဗျ ?????? လှူပေးထားတဲ့ တခြားသော နေရာတွေကိုတော့ အဆင်ပြေတာနဲ့ တစ်စုတည်းတင်ပေးပါမယ်ခင်ဗျာ ??❤️.." ဆိုပြီး အလှူလေးကို အသိပေးပြောပြထားတာပါ..။

ပရိသတ်တွေကလည်း အခက်အခဲတွေနဲ့ လိုအပ်နေတဲ့ပြည်သူတွေအတွက် လိုအပ်သလိုတတ်နိုင်သလောက် ဖေးမကူညီလှူဒါန်းနေတဲ့ မေဦးရဲ့အလှူကိုလည်း ပရိသတ်တွေက ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

သတင်း အရင်းအမြစ်May Oo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T