လှိုင်သာယာက ခက်ခဲနေတဲ့ပြည်သူတွေအတွက် သူငယ်ချင်းတွေနဲ့ပူပေါင်းပြီး စားသောက်ကုန်တွေလှူဒါန်းခဲ့တဲ့ နေဒွေး

//s9.kh1.co/ce/ce3c3f7c68ef7193862a17d0f25ae2bee6d8f664.jpg
အနုပညာရှင်များ

 ၂၈-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်တွေရဲ့အားပေးမှုတွေအခိုင်အမာရရှိထားပြီး အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတဲ့ မင်းသားနေဒွေးကတော့ လက်ရှိအခြေအနေတွေမှာ အလှူအတန်းတွေဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

လှူဒါန်းမှုတွေပြုလုပ်ကာ ပြည်သူတွေနဲ့အတူရပ်တည်နေပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်ပေးနေတဲ့ နေဒွေးကတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ကူညီဖေးမနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

အခုလိုအစစအရာရာခက်ခဲကြပ်တည်းနေကြတဲ့ အချိန်မှာ လှိုင်သာယာက စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူပူးပေါင်းပြီး စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်..။

စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရသူတွေအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကြက်ဥနဲ့ ခေါက်ဆွဲခြောက်တွေကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့တဲ့အပြင် သံဃာတော်တွေအတွက်လည်း စားသောက်ကုန်တွေနဲ့ အလှူငွေတွေ ကပ်လှူပူဇော်ခဲ့တာလည်း တွေ့ရပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

"လှိုင်သာယာ နှစ်ပုံကျောင်း ရေအုပ်ကန်ရပ်ကွက် မှစားဝတ်နေရေးခက်ခဲနေသောပြည်သူများကို BTZ လူငယ်အဖွဲ့ , ထိုင်းနိုင်ငံမှ ရွှေမြန်မာများ , ညီမလေး ထူးချစ်အဖွဲ့နှင့်အတူပူပေါင်းပြီး ဆန် , ဆီ , ခေါက်ဆွဲခြောက် , ငါးသေတ္တာ , ကြက်ဥ စသော စားသောက်ကုန် တန်ဖိုး ၁၈သိန်းကျော် ကို အခက်အခဲအတားအဆီးမရှိပဲ သွားရောက်လှုဒါန်းပြီးစီးခဲ့ပါသည်??????.." ဆိုပြီး အလှူအကြောင်းကို ဝေမျှထားတာပါ..။

စေတနာအလှူရှင်တွေဖြစ်ကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ လိုအပ်နေတဲ့ပြည်သူတွေအတွက် ဆန်ဆီနဲ့ အခြားစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ကြတဲ့ နေဒွေးရဲ့ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

သတင်း အရင်းအမြစ်Nay Dway's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T