ငယ်စဥ်က ဖခင်ကို ဆုံးရှုံးခဲ့ရသူမို့ မိဘမဲ့ကလေးတွေကို ကိုယ်ချင်းစာပါတယ်ဆိုတဲ့ စကားက မလုံလောက်ဘူးလို့ ရင်နာနာနဲ့ ပြောလာတဲ့ သုသု

//s9.kh1.co/a2/a2f2410db0854cd9e3cd93987da52968ff6ca208.jpg
အနုပညာရှင်များ

 ၂၇-မတ်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ဖန်တီးရှင် ညီညီမောင် စမ်းချောင်း ( သုသု ) ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ သူတစ်ယောက်ပါ။ သုသုက ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်နေသလို လိုအပ်နေတဲ့ နေရာတွေမှာလည်း သူမရဲ့ ချွေးနည်းစာထဲကနေ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးနေတာကို တွေ့ရပါတယ်။ 

Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page
Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page
Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page
Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page

သုသုက သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သလို Follower များတဲ့ သူမရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ Postတွေကို အများပြည်သူသိရအောင် တင်ပေးလေ့ရှိတာဖြစ်ပါတယ်။ သုသုက ဒီကနေ့ မတ်လ ၂၇ရက်နေ့မှာတော့ အသက်ပေးကာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းရဲ့ ကျန်ရစ်ခဲ့တဲ့ သမီးငယ်လေးအကြောင်းတင်ပေးလာခဲ့ပါတယ်။

Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page
Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page
Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page
Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page

သုသုက သူမကိုယ်တိုင်လည်း ငယ်စဥ်က ဖခင်ကို ဆုံးရှုံးခဲ့ရတာကြောင့် ကျန်ခဲ့တဲ့ ကလေးငယ်အတွက် ကိုယ်ချင်းစာပါတယ်ဆိုတဲ့ စကားနဲ့ မလုံလောက်မှန်းသိပါတယ်ဆိုပြီး Facebook Account ထက်မှာ ရေးသားလာခဲ့တာပါ။ ရှေ့ဆက်ပြီးတော့လည်း မိဘမဲ့ကလေးတွေနဲ့ သားသမီးကို ဆုံးရှုံးလိုက်ရတဲ့ မိဘတွေ မရှိပါစေနဲ့ဆိုပြီး ဆုတောင်းစကားလည်း ပြောလာခဲ့တာဖြစ်လို့ သုသုရဲ့ စာသားတွေကို ​ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ 

Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page
Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page
Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page
Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page

သတင်း အရင်းအမြစ်Source & Photo credit - Nyi Nyi Mg ( Sanchaung)'s Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T