ကျဆုံးသွားကြတဲ့သူရဲကောင်းပြည်သူတွေအတွက် တပေါင်းလပြည့်နေ့မှာ ရည်စူးကုသိုလ်လေးတွေပြုလုပ်အမျှဝေခဲ့တဲ့ မေလသံစဉ်

//s9.kh1.co/cb/cbbfefebbe45ff79afe5b919af24333a605830b9.jpg
အနုပညာရှင်များ

 ၂၇-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေများစွာသီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော်မလေး မေလသံစဉ်ကတော့ ဂီတအနုပညာလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

ကိုယ်ပိုင်အရည်အချင်းတွေနဲ့ လျှောက်လှမ်းရပ်တည်နေတဲ့ မေလသံစဉ်ကတော့ လက်ရှိအခြေအနေတွေမှာလည်း လှုပ်ရှားမှုတွေပြုလုပ်ပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေသူလေးပါ..။

Photo Credit - မေလသံစဉ် May Melody's Fb Acc
Photo Credit - မေလသံစဉ် May Melody's Fb Acc
Photo Credit - မေလသံစဉ် May Melody's Fb Acc
Photo Credit - မေလသံစဉ် May Melody's Fb Acc

လက်ရှိအချိန်မှာ တတ်နိုင်သလောက်အားဖြည့်ပါဝင်နေတဲ့ မေလသံစဉ်ကတော့ အလှူတွေပြုလုပ်ပြီး ကျဆုံးသွားကြတဲ့သူရဲကောင်းပြည်သူတွေအတွက် ရည်စူးကုသိုလ်လေးတွေနဲ့ အမျှဝေကောင်းမှုပြုပေးခဲ့တာလည်း တွေ့ရပါတယ်..။

တော်လှန်တိုက်ပွဲကြီးမှာ ကျဆုံးသွားကြတဲ့အနယ်နယ်အရပ်ရပ်က သူရဲကောင်းပြည်သူတွေအတွက်ရည်စူးကာ ဒီကနေ့ တပေါင်းလပြည့်နေ့မှာ အာဟာရဒါနအဖြစ် သီလရှင်ကျောင်းမှာ MILO တွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်..။

Photo Credit - မေလသံစဉ် May Melody's Fb Acc
Photo Credit - မေလသံစဉ် May Melody's Fb Acc
Photo Credit - မေလသံစဉ် May Melody's Fb Acc
Photo Credit - မေလသံစဉ် May Melody's Fb Acc

"တပေါင်းလပြည့်နေ့အလှူ?

အခုနောက်ပိုင်း ကုသိုလ်တခုပြုပြီးတိုင်း အမျှဝေတဲ့အခါ ကိုးကွယ်တဲ့ဘာသာတူတူ မတူတူ ခံယူချက်တူတဲ့ ကျဆုံးသွားသော အစ်ကို အစ်မ မောင်လေး ညီမလေးတွေကိုပါ လေးလေးနက်နက် အမျှပေးဝေ ဆုတောင်းပေးဖြစ်ပါတယ် ???.." ဆိုပြီး အလှူကို ဝေမျှပြောပြထားတာပါ..။

ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်လည်း ပြုသမျှကုသိုလ်တွေကို အမျှပေးဝေရင်း ဆုတောင်းစကားလေးဆိုလိုက်တဲ့ မေလသံစဉ်ရဲ့အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအားလုံးက သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - မေလသံစဉ် May Melody's Fb Acc
Photo Credit - မေလသံစဉ် May Melody's Fb Acc
Photo Credit - မေလသံစဉ် May Melody's Fb Acc
Photo Credit - မေလသံစဉ် May Melody's Fb Acc

သတင်း အရင်းအမြစ်မေလသံစဉ် May Melody's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T