ကြားရမြင်ရတာတွေက ရင်ကွဲမတတ်ခံစားရလို့ နောက်ထပ်အသက်တွေ မဆုံးရှုံးစေချင်တော့ဘူးဆိုတဲ့ နန်းမြတ်ဖြိုးသင်း

//s9.kh1.co/49/4931a7b528ef80d32ee920faed10bb51de41acd8.jpg
အနုပညာရှင်များ

 ၂၇-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ မကြာသေးတဲ့ ရက်ပိုင်းကမှ သမီးလေးကို မွေးဖွားထားပေမယ့်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တစ်တပ်တစ်အားအနေနဲ့ ပါဝင်နေတာဖြစ်လို့ ပရိသတ်တွေက အရင်ကထက် အချစ်ပိုကြတာကို တွေ့ရပါတယ်။ နန်းမြတ်က အားပေးသူ Follower များတဲ့ သူမရဲ့ Facebook Account ထက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အများပြည်သူသိရအောင် ဝေမျှလေ့ရှိတာ​ဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း Postတစ်ခုတင်ပေးလာခဲ့ပါတယ်။

Photo Credit - Nann Myat Phyo Thin's Facebook Account
Photo Credit - Nann Myat Phyo Thin's Facebook Account
Photo Credit - Nann Myat Phyo Thin's Facebook Account
Photo Credit - Nann Myat Phyo Thin's Facebook Account

ဒါကတော့ ဒီကနေ့ မတ်လ ၂၇ရက်နေ့မှာ မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူတွေ သွေးမြေကျခဲ့ရ​တာဖြစ်လို့ နန်းမြတ်က " ကြားရမြင်ရတာတွေရင်ကွဲမတတ်ပါပဲ ဒီလောက်ရက်စက်နေကြတာ လူတွေမှဟုတ်သေးရဲ့လား ပြင်းပြလွန်းတဲ့ပြည်သူတွေရဲ့စိတ်ဓာတ် ကိုတော့မလေးစားပဲမနေနိုင်ပါဘူး ဆုံးရှုံးရတဲ့အသက်သွေးကြွေးတွေအမြန်ဆုံးရပ်တန့်ပြီး အောင်ပွဲဆင်ခွင့်ရပါတော့ မခံစားနိုင်တော့ဘူး " ဆိုပြီး ရေးသားမျှဝေလာခဲ့တာပါ။ 

Photo Credit - Nann Myat Phyo Thin's Facebook Account
Photo Credit - Nann Myat Phyo Thin's Facebook Account
Photo Credit - Nann Myat Phyo Thin's Facebook Account
Photo Credit - Nann Myat Phyo Thin's Facebook Account

အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အသက်တွေကို ဒီထက်ပိုပြီး မဆုံးရှုံးစေချင်တဲ့အပြင် တရားမျှတမှုရရှိဖို့အတွက် ပြင်းပြလွန်းတဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို မလေးစားပဲ မနေနိုင်တော့ဘူးလို့ ပြောလာတဲ့ နန်းမြတ်ရဲ့ စာသားတွေကို ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေဘက်က ရပ်တည်ပြီး အမှန်တရားကို မြတ်နိုးတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ ပုံတွေကိုလည်း ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo Credit - Nann Myat Phyo Thin's Facebook Account
Photo Credit - Nann Myat Phyo Thin's Facebook Account
Photo Credit - Nann Myat Phyo Thin's Facebook Account
Photo Credit - Nann Myat Phyo Thin's Facebook Account

သတင်း အရင်းအမြစ်Source & Photo Credit - Nann Myat Phyo Thin's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T