သူမရဲ့ ဂေဟာဝင်စီးခံရတယ်ဆိုတဲ့ သတင်းက အမှန်မဟုတ်ကြောင်း စိုးရိမ်ထိတ်လန့်ခဲ့ရသူတွေကို ပြန်လည်ရှင်းပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/7c/7c115a83831dc6d497db444999683d7f92c35113.jpg
အနုပညာရှင်များ

 ၂၇-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ လေးစားချစ်ခင်ကြတာကို တွေ့ရပါတယ်။အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို ပရဟိတလုပ်ငန်းတွေကိုလည်းလုပ်ကိုင်နေတဲ့ သူမက "ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ" ကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ 

Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account

ခိုင်နှင်းဝေက သူမရဲ့ ဂေဟာမှာ ကလေးသူငယ်ပေါင်းများစွာကို လက်ခံစောင့်ရှောက်ထားတာဖြစ်ပြီး ဆရာမတွေကိုလည်း ခေါ်ယူကာ သေချာပျိုးထောင်နေတာပါ။ ဒီကနေ့ မတ်လ ၂၇ရက်နေ့မှာတော့ သူမရဲ့ ဂေဟာကို ဝင်စီးခံရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး အများက စိုးရိမ်နေကြတာဖြစ်ပါတယ်။ ဒီသတင်းဟာ မမှန်ကန်တာ​ကြောင့် စိုးရိမ်နေကြသူတွေထံ ခိုင်နှင်းဝေက သူမရဲ့ Facebook Account ထက်မှာ ရေးသားဖြေရှင်းခဲ့ပါတယ်။

Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account

ခိုင်နှင်းဝေက " သပိတ် စစ်ကြောင်းကို လိုက်ပစ်ရင်း ဂေဟာ အရှေ့ရောက်လာတာပါရှင်..ကျွန်မ နဲ့ အတူ ကလေးတွေ အကုန်လုံး ဝန်ထမ်းတွေရော အထဲမှာ ရှိပါတယ်...ကလေးတွေ လန့်သွားတာက လွှဲလို့ အဆင်ပြေပါတယ်..စိတ်ပူပေးကြတဲ့ သူ အားလုံး ကျေးဇူးတင်ပါတယ်ရှင် " ဆိုပြီး ရေးသားကာ ရှင်းပြလာခဲ့တာဖြစ်ပါတယ်။ စိုးရိမ်ပူပန်ပေးကြသူတွေကိုလည်း ကျေးဇူးတင်ကာ ဂေဟာဝင်စီးခံရတာ မဟုတ်ကြောင်းပြောလာခဲ့တာဖြစ်လို့ ပရိသတ်တွေသိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account
Photo credit - Khine Hnin Wai's Facebook Account

သတင်း အရင်းအမြစ်Source & Photo credit - Khine Hnin Wai's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T