ဝမ်းစာရှာဖွေဖို့ လမ်းပေါ်ထွက်လာခဲ့ပေမယ့် သူတို့ရဲ့ပစ္စည်းတွေကိုတောင် မယူနိုင်တော့ဘဲ ထွက်ပြေးခဲ့ရတဲ့ တောင်ကြီးမြို့ကစျေးသည်တွေရဲ့အဖြစ်

//s9.kh1.co/95/95279081ac2a1f5668916aaaa7599c53ae25ac5a.jpeg
နေ့စဉ်သတင်းများ

 ၂၇-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဝမ်းစာရှာဖွေဖို့ လမ်းပေါ်ထွက်လာခဲ့ပေမယ့် သူတို့ရဲ့ပစ္စည်းတွေကိုတောင် မယူနိုင်တော့ဘဲ ထွက်ပြေးခဲ့ရတဲ့ တောင်ကြီးမြို့ကစျေးသည်တွေရဲ့အဖြစ်

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက လူထုလှုပ်ရှားမှုတွေကို တတ်နိုင်သလောက် ကြိုးစားပမ်းစားနဲ့ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ် ။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ် ။ ဒီကာလအတွင်းမှာ အားလုံးက အခက်အခဲကိုယ်စီရှိနေကြသလို စျေးရောင်းနေတဲ့ ပြည်သူတွေကလည်း စားဝတ်နေရေးဖြေရှင်းဖို့အတွက် လမ်းပေါ်ကို ထွက်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့တဲ့ ပုံရိပ်တစ်ချို့ကတော့ မြင်တွေ့ရသူတွေကို စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဒီပုံရိပ်တွေကတော့ မတ်လ (၂၅)ရက်နေ့က တောင်ကြီးမြို့မှာ ဖြစ်ပွားခဲ့တဲ့ မြင်ကွင်းတွေကို ဖော်ပြထားတာ ဖြစ်ပါတယ် ။ ထိုနေ့က တောင်ကြီးမြို့မှာ ပစ်ဖောက်ဖြိုခွင်းခံခဲ့ရတာကြောင့် စျေးသည်တွေက သူတို့ရဲ့ပစ္စည်းတွေကိုအကုန်ချပြီး အလန့်တကြား ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ရွာတွေကနေ တောင်ကြီးမြို့ပေါ်အထိ တကူးတကလာပြီး စျေးရောင်းကြတဲ့ စျေးသည်တွေခမျာ အသက်အန္တရာယ်နဲ့ ကြုံလာရတဲ့အချိန်မှာတော့ ဘာမှမယူနိုင်ဘဲ ထပြေးခဲ့ရတာ ဖြစ်ပါတယ် ။ စျေးသည်တွေကျန်ခဲ့တဲ့ ပစ္စည်းတွေကိုကြည့်ပြီး ပြည်သူတွေကလည်း အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ သူတို့ကတော့ စားဝတ်နေရေး အခက်အခဲကြောင့် စွန့်စွန့်စားစား လမ်းပေါ်ထွက်လာပြီး ဝမ်းစာရှာဖွေဖို့ စျေးရောင်းနေရတဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် တောင်ကြီးမြို့က စျေးသည်တွေရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T