သာယာလှတဲ့ သူ့ရဲ့မြို့လေးမှာ မမျှော်လင့်ဘဲ အသက်ပေးသွားခဲ့ကြရတဲ့ ကလေးတွေအတွက် စိတ်ထိခိုက်ဝမ်းနည်းနေတဲ့ ပိုင်တံခွန်

//s9.kh1.co/fd/fdae91600fd264e3de8a6c2f06598013fb53395b.jpeg
အနုပညာရှင်များ

 ၂၆-မတ်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုင်တံခွန်ကတော့  ပရိသတ်တွေရဲ့ တစ်ခဲနက်  ဝန်းရံအားပေးမှုကို  သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။   သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေဟာ  နိုင်ငံတကာထိပါ  ပေါက်ရောက်အောင်မြင်နေတာလည်း  ဖြစ်ပါတယ်။  လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း  သူ့ရဲ့ Facebook အကောင့်မှာ ရေးသားမျှဝေရင်း  နိုင်ငံတကာသိစေဖို့ speak out လုပ်နေတာပဲ   ဖြစ်ပါတယ်။

Photo Crd-Paing Takhon’s Facebook Page
Photo Crd-Paing Takhon’s Facebook Page
Photo Crd-Paing Takhon’s Facebook Page
Photo Crd-Paing Takhon’s Facebook Page

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ  မားမားမတ်မတ်ရပ်တည်ပေးနေတာကြောင့်လည်း  ပရိသတ်တွေက  လေးစားနေကြတာပါ။ လက်ရှိအခြေအနေတွေကြောင့်  ခေတ္တတိမ်းရှောင်နေရပေမယ့်လည်း  သူ့ရဲ့လူမှုကွန်ယက်များမှတစ်ဆင့်  သတင်းအချက်အလက်များအား  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  ဒီကနေ့မှာလည်း  မြိတ်မြို့နယ်တွင်  လူထုလှုပ်ရှားမှုမှာ  ပါဝင်ရင်းနဲ့ သူရဲကောင်းတစ်ချို့ ကျဆုံးခဲ့ကြရတာပါ။

Photo Crd-Paing Takhon’s Facebook Page
Photo Crd-Paing Takhon’s Facebook Page
Photo Crd-Paing Takhon’s Facebook Page
Photo Crd-Paing Takhon’s Facebook Page

မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  ပိုင်တံခွန်ရဲ့Facebook Page တွင်  သာယာလှတဲ့ သူ့ရဲ့မြို့လေးမှာ ကျဆုံးသွားခဲ့ရတဲ့ ကလေးတွေအတွက် နှမြောတသဖြစ်ကြောင်းကို " ကော့သောင်းမြို့တို့  မြိတ်မြို့တို့ ဆိုတာ သိပ်ကိုသာယာတာ

ကျွန်တော် ရန်ကုန်ရောက်လို့ မိတ်ဆွေအသစ်ရတိုင်း ကိုယ့်မြို့လေးအကြောင်း ကြွားလို့မဝခဲ့ဘူး

အခုတော့ ကျွန်တော်တို့မြို့မှာ ကလေးတွေ ဘယ်နှစ်ယောက် တောင်အသတ်ခံနေရပြီဆိုတာကို ရင်နာနာနဲ့တောင် မဖြေနိုင်တော့ဘူး

ဆုံးရှုံးသွားတဲ့ အသက်တွေ  နှမြောတသစွာ ပြန်မရနိုင်တော့ပေမယ့်

ရှိနေသေးတဲ့ အရာရာတိုင်းကိုလည်း  ထွက်ခွာခွင့်မပြုနိုင်တော့ဘူး 

မြန်မာတစ်နိုင်ငံလုံးအပါအဝင် ကျွန်တော်ကြီးပြင်းခဲ့တဲ့ငယ်မြို့လေးတွေ အရင်လို ပျော်ရွှင်စရာတွေ အပြည့်နဲ့ ပြန်မြင်ချင်တယ်ဗျာ " ဆိုပြီး ဝမ်းနည်းစွာ ရေးသားထားတာကို  ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက်  တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paing Takhon’s Facebook Page 

Photo Crd-Paing Takhon’s Facebook Page
Photo Crd-Paing Takhon’s Facebook Page
Photo Crd-Paing Takhon’s Facebook Page
Photo Crd-Paing Takhon’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T