ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေနဲ့အတူ စုပေါင်းပြီး အိမ်ထောင်စု၁၀၀ကျော်အတွက် ဆန်နှစ်ပြည်နဲ့ ဆီတစ်ဗူးစီ သွားရောက်လှူဒါန်းခဲ့တဲ့ စူးရှထက်

//s9.kh1.co/1e/1e269a936b9dbdab00405f5d5920816883fa871d.jpg
အနုပညာရှင်များ

 ၂၆-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်လ် စူးရှထက်ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ သူတစ်​ယောက်ပါ။ အလှူအတန်းတွေကို ရက်ရောသူဖြစ်လို့ ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ လေးစားချစ်ခင်ရတဲ့ သူမက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ နေစဥ်ဆက်တိုက်ဆိုသလို အလှူပြုနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit - Zar Chi's Facebook Account

စူးရှထက်က ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုကြီးမှာ တစ်တပ်တစ်အားအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်လည်း ယခုလို အခြေအနေတွေကြောင့် အနေအထိုင် အစားအသောက် ခက်ခဲနေကြတဲ့ ပြည်သူအချို့ကိုလည်း သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး လှူဒါန်းလေ့ရှိတာကို တွေ့ရပါတယ်။

Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account

ဒီကနေ့ မတ်လ ၂၆ရက်နေ့မှာလည်း စူးရှထက်က သူမရဲ့ Facebook Account ထက်မှာ အိမ်ထောင်စု ၁၀၀ ကျော်အတွက် ဆန်နှစ်ပြည်နဲ့ ဆီတစ်ဗူးစီ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ပုံတွေကို ဝေမျှလာခဲ့ပါတယ်။ စေတနာသဒ္ဓါတရားထက်သန်စွာ ​လှူဒါန်းနေခဲ့တဲ့ သူမရဲ့ ပုံတွေအပြင် " အိမ်ထောင်စု ၁၀၀ကျော်အတွက် ဆန်နှစ်ပြည်ဆီတစ်ဗူး ဒီနေ့အလှူလေး ပါဝင်လှူဒါန်းကြတဲ့ ချစ်လေးတို့ကို သာဓု သာဓု သာဓုပါ နောက်ထပ်သွားလှူချင်သေးလို့ ပစ္စည်းတွေထပ်ဝယ်နေပါတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေအတွက် တတ်နိုင်သလောက် အလှူပြုပေးနေတဲ့ စူးရှထက်ရဲ့ ပုံတွေနဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account
Photo Credit - Zar Chi's Facebook Account

သတင်း အရင်းအမြစ်Source & Photo Credit - Zar Chi's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T