ကျဆုံးသွားတဲ့ကိုရဲသူအောင်ရဲ့နေအိမ်လေးကိုကြည့်ပြီး အရမ်းစိတ်ထိခိုက်ရလို့ တတ်နိုင်သလောက်လှူဒါန်းကာကူညီပေးနေကြတဲ့ ပြည်သူတချို့

//s9.kh1.co/54/5478a45b7650f99816535d15ccb7e1c43fc6cf37.jpeg
နေ့စဉ်သတင်းများ

 ၂၆-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့ကိုရဲသူအောင်ရဲ့နေအိမ်လေးကိုကြည့်ပြီး အရမ်းစိတ်ထိခိုက်ရလို့ တတ်နိုင်သလောက်လှူဒါန်းကာကူညီပေးနေကြတဲ့ ပြည်သူတချို့

လက်ရှိအခြေအနေတွေမှာဆိုရင် ပြည်သူလူထုကတော့ မိမိရဲ့အသက်အန္တရာယ်ကိုဘေးချိတ်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့အတွက် လမ်းပေါ်ထွက်နေကြတာ ဖြစ်ပါတယ်။ယခုခေတ်လူငယ်တွေကလည်း ကြောက်သွေးမပါဘဲ ရဲရင့်တဲ့စိတ်ဓာတ်အပြည့်ရှိကြလို့ ဒီနေ့အထိတိုင် အင်တိုက်အားတိုက်လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။( ၂၂.၃.၂၀၂၁)ရက်တုန်းကဆိုရင် အောင်ပန်းမြို့က လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကိုရဲသူအောင်ကတော့ သူ့ရဲ့အသက်ကိုစတေးပြီး ရှေ့ဆုံးကနေ ပြန်လည်ခုခံခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုရဲသူအောင်က”အရေးတော်ပုံအောင်သွားရင် ငါ့အမေ၊ငါ့အဘွားစကား နားထောင်တော့မယ် သူတို့ကို သေချာဂရုစိုက်ပြုစု စောင့်ရှောက်တော့မယ်”လို့ သူငယ်ချင်းကိုပြောခဲ့တယ်လို့ သိရပါတယ်။ကိုရဲသူအောင်ရဲ့မိသားစုကတော့ ပြည်စုံတဲ့အခြေအနေမဟုတ်လို့ သူတို့နေထိုင်တဲ့အိမ်လေးဆိုရင် သွပ်မိုးထားပြီး ထရံကာထားသော်လည်းအကာအရံတွေက အရမ်းမလုံတာကို ပုံထဲမှာတွေ့ရပါတယ်။ကျဆုံးသူရဲကောင်းရဲ့နေအိမ်လေးကိုကြည့်ပြီး ပြည်သူတွေကလည်း မျက်ရည်ကျရတဲ့အထိ ဝမ်းနည်းနေကြတာဟ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း ကျဆုံးသွားခဲ့ရတဲ့ ကိုရဲသူအောင်ရဲ့ကျန်ရစ်သူမိသားစုကို ပြည်သူတွေက ကျေးဇူးပြန်ဆပ်ကြတာ ဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကျဆုံးသူရဲကောင်းတွေအားလုံးကိုအမြဲကျေးဇူးတင်နေကြတာဖြစ်လို့ သူတို့ရဲ့ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း ကိုယ့်ရဲ့မိသားစုလိုမျိုးသက်မှတ်ပြီး ဝိုင်းဝန်းစောင့်ရှောက်ပေးကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း အသက်ပေးသွားရတဲ့ကိုရဲသူအောင်ရဲ့ ကျန်ရစ်သူမိသားစုတွေကို ပြည်သူတွေက တတ်နိုင်သလောက်လှူဒါန်းပြီး ကူညီနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T