သူ့ကိုယ်သူကာကွယ်ဖို့အတွက် သစ်သားဒိုင်းနဲ့ ဒုတ်တိုလေးကို ကိုင်ပြီး လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို ကူညီပေးနေတဲ့ ကလေးငယ်လေး

//s9.kh1.co/e8/e8e5bffce0d5ffa116e66be215d291ca60274c8c.jpeg
နေ့စဉ်သတင်းများ

 ၂၆-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူ့ကိုယ်သူကာကွယ်ဖို့အတွက် သစ်သားဒိုင်းနဲ့ ဒုတ်တိုလေးကို ကိုင်ပြီး လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို ကူညီပေးနေတဲ့ ကလေးငယ်လေး

Gen X,Y,Zတွေကတော့ ဒီလိုကာလမှာ ကိုယ်စီစွမ်းဆောင်နိုင်တဲ့နေရာတွေကနေ အားတက်သရောပါဝင်နေကြတာဖြစ်ပါတယ်။လူကြီးတချို့ကလည်း အရင်ခေတ်တုန်းက သူတို့ကြုံဖူးခဲ့တဲ့အခြေအနေတွေကိုလည်း ပြန်လည်ဝေမျှသလို လူငယ်တွေကလည်း နည်းဗျူဟာအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။အခုဆိုရင် Gen X,Y,Zတွေအပြင် Gen Alphaလေးတွေကပါ ရဲရဲတောက်စိတ်ဓာတ်နဲ့ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးနေကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

Gen Alphaလေးတွေက ဘာမှမသိနားမလည်ကြသေးပေမယ့်လည်း လူကြီးတွေဆောင်ရွက်နေကြတာကိုကြည့်ပြီးနောက်ကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း Gen Alphaမျိုးဆက်ဖြစ်တဲ့ ကလေးငယ်လေးတစ်ယောက်က လူထုလှုပ်ရှားမှုတွေမှာ ပြုလုပ်ထားတဲ့ အတားအဆီးတွေကို လာကူပိတ်ပေးနေတာ ဖြစ်ပါတယ်။ကလေးငယ်လေးက ယောက်ျားလေးလည်းဖြစ်တာကြောင့် အရမ်းရဲရင့်ပြီး သူတတ်နိုင်သလောက်လေး ကူညီပေးနေတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ကလေးငယ်လေးကတော့ သူ့ကိုယ်သူကာကွယ်ဖို့အတွက် သစ်သားဒိုင်းနဲ့ ဒုတ်တိုလေးကိုကိုင်ထားပြီး လမ်းပေါ်မှာပါဝင်ပေးနေတာဖြစ်ပါတယ်။သူ့ရဲ့သစ်သားဒိုင်းလေးမှာတော့ “UN”လို့ရေးထားတာကြောင့် ပြည်သူတွေကလည်း”UN တကယ်ဝင်လာပြီ”လို့ ချစ်စနိုးနဲ့စနောက်နေကြကာ သူ့ရဲ့ပုံလေးတွေကို Shareပြီးချီးကျူးနေကြတာဖြစ်ပါတယ်။အသက်သာငယ်ပေမယ့် ရဲစွမ်းသတ္တိအပြည့်ရှိပြီး နိုင်သလောက်ဝန်ကိုမျှထမ်းပေးနေတဲ့ Gen Alpha လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T