ဒီလိုအခြေအနေမှာ ဆွမ်းအခက်အခဲဖြစ်နေကြတဲ့ သီလရှင်အပါး(၂၀၀)အတွက် ဆန်နဲ့အလှူငွေများအား တတ်အားသရွေ့ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/e9/e9f60f4595368615b87d7e0e375419314ab44168.jpeg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ခိုင်နှင်းဝေကတော့ နှစ်ပေါင်းများစွာတိုင်အောင်  အနုပညာလောကမှာ ပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့သူလည်း  ဖြစ်ပါတယ်။  အနုပညာအလုပ်တွေသာမကဘဲ  ပြည်သူတွေအတွက် လိုအပ်တဲ့အရာများ  ဖြည့်ဆည်းပေးရန်  ပရဟိတအသင်းကို တည်ထောင်ထားတာပဲ  ဖြစ်ပါတယ်။   ကိုယ်ကျိုးမကြည့်ဘဲ  လုပ်ဆောင်သူတစ်ယောက်ဖြစ်တာကြောင့်  ပရိသတ်တွေကတော့  လေးစားအားကျနေကြတာပါ။

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

ခိုင်နှင်းဝေကတော့  နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင်ပင်  လိုအပ်တဲ့နေရာတွေကို လိုက်လံလှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။   ပြည်သူတွေ  အဆင်ပြေစေရန်အတွက်  စားသောက်ကုန်ပစ္စည်းများကို လုံလောက်စွာလှူဒါန်းနိုင်အောင် အလှူရှင်တွေများ ပိုမိုရရှိအောင် ကြိုးစားနေတာကိုလည်း   ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ မကြာသေးခင်  နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဒီလိုအခြေအနေမှာ ဆွမ်းအခက်အခဲဖြစ်နေကြတဲ့ သီလရှင်အပါး(၂၀၀)အတွက် ဆန်နဲ့အလှူငွေများအား တတ်အားသရွေ့ လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးထားတာပဲ  ဖြစ်ပါတယ်။ 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

သူမကလည်း " ဆွမ်းအခက်အခဲဖြစ်နေတဲ့ သီလရှင်ကျောင်းများမှ သီလရှင် အပါး (၂၀၀) အတွက်  (၂)ပြည်ဆန်အိတ် (၁၀၀၀) အလှူထဲမှ ဆန်အိတ် (၂၀၀) နှင့် ဝတ္တုငွေ (၅၀၀၀) ကျပ်ဆီ ကို လှူဒါန်းခဲ့ပါတယ်ရှင်...တတ်နိုင်သလောက် ဝေမျှ လှူရတာရယ် အခက်အခဲတွေကြားက လှူရတာရယ်မို့ နေရာ မစုံဖြစ်တာကို နားလည်ပေးကြပါ...ကျမ လှူပေးလို့ ရသလောက် ဆက်လက် လှူဒါန်းသွားပါမယ်ရှင်..???...." ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့်  ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေရန် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T