ပြည်သူတွေအတွက် အစားအသောက်နဲ့အလှူငွေတွေကို တတ်နိုင်သလောက် ပေးဝေလှူဒါန်းခဲ့တဲ့ မမဆောင်းရဲ့ဗီဒီယို

//s9.kh1.co/eb/eb38505ae2f18aa2bba6582d2e524ce324ba25f9.jpg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မမဆောင်းလို့ အများကခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောက်ဆောင်အိနြေ္ဒထွန်းကတော့ ဟန်ဆောင်မှုမရှိ ပွင့်လင်းတဲ့ဟန်ပန်လေးတွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေကို တစ်ခဲနက်ရရှိထားသူပါ..။

မမဆောင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေမကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ..။

Photo Credit - မမဆောင်း Fb Page
Photo Credit - မမဆောင်း Fb Page
Photo Credit - မမဆောင်း Fb Page
Photo Credit - မမဆောင်း Fb Page

မမဆောင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အလှူလေးတွေပြုလုပ်ခဲ့သလို ဒီကနေ့လေးမှာလည်း လူကြီးတွေအပြင် ကလေးငယ်လေးတွေအတွက်လည်း အစားအသောက်တွေ ပေးဝေလှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

မြောက်ဥက္ကလာဝေဘာဂီဘက်မှာ အလှူငွေတွေနဲ့ အစားအသောက်တွေပေးဝေလှူဒါန်းပြီး ပြည်သူတွေရဲ့စိတ်အမောတွေကို ခဏတာပြေပျောက်စေခဲ့တာဆိုလည်း မမှားပါဘူး..။

Photo Credit - မမဆောင်း Fb Page
Photo Credit - မမဆောင်း Fb Page
Photo Credit - မမဆောင်း Fb Page
Photo Credit - မမဆောင်း Fb Page

"မရှိတဲ့သူတွေ သွားလှူ.." ဆိုပြီး ပြည်သူတွေအတွက် တတ်နိုင်သလောက်လေး ပြုလုပ်ခဲ့တဲ့ သူမရဲ့အလှူကို Live လွှင့်ကာ ပရိသတ်တွေကို ဝေမျှထားတာဖြစ်ပြီး အားလုံးကလည်း မမဆောင်းရဲ့အလှူကို သာဓုခေါ်ကာ ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

အလှူလုပ်ရင်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့ တရင်းတနှီးစကားတွေပြောနေတဲ့ မမဆောင်းရဲ့ ဗီဒီယိုဖိုင်ကိုလည်း အားလုံးအတွက် မျှဝေတင်ဆက်ပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမယ်လို့မျှော်လင့်ပါတယ်နော်..။

Photo Credit - မမဆောင်း Fb Page
Photo Credit - မမဆောင်း Fb Page
Photo Credit - မမဆောင်း Fb Page
Photo Credit - မမဆောင်း Fb Page

သတင်း အရင်းအမြစ်မမဆောင်း Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T