လူမှုကွန်ယက်ပေါ်တွင် Speak out လုပ်နေသူများကိုအပြစ်တင်ပြောဆိုနေတဲ့ လူတစ်ချို့အား ထိမိလှတဲ့စကားလုံးတွေနဲ့ ပြန်လည်ချေပလိုက်တဲ့ ပိုင်ဖြိုးသု

//s9.kh1.co/07/078bdef346ed7b7a3c4f00d25e653c01725d850b.jpeg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုင်ဖြိုးသုကတော့ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ ပုံစံလေးကြောင့်  ပရိသတ်တွေများစွာရဲ့ချစ်ခင် အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားသူလည်း  ဖြစ်ပါတယ်။  အရေးကြုံလာရင်လည်း  ပြည်သူတွေနဲ့  တစ်သွေးတည်း  တစ်သားတည်း  ပါဝင်ခဲ့သူဖြစ်တာကြောင့်  အားလုံးက  လေးစားအားကျနေကြတာပဲ  ဖြစ်ပါတယ်။  သုသုကတော့  ကိုယ်ယုံကြည်ရာပန်းတိုင်ကို  နောက်မဆုတ်ဘဲ ရှေ့သို့သာ  ရပ်တည်ချက်ခိုင်မာစွာဖြင့်  လျှောက်လှမ်းနေသူတစ်ယောက်ပါပဲနော်။

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

ပြည်သူတွေဒီထက်ပိုပြီး  ပူးပေါင်းပါဝင်ရန်အတွက်လည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့်  တိုက်တွန်းပေးနေသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  ဒီလို Speak Out အမြဲလုပ်ပေးနေသူတွေအား  မနာလိုသူတွေတစ်ချို့က  ဝေဖန်တိုက်ခိုက်နေကြတာပါ။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  သုသုရဲ့ Facebook အကောင့်တွင် လူထုလှုပ်ရှားမှုတွေမှာ  တက်ကြွစွာပါဝင်နေသူများအား  အပြစ်တင်ပြောဆိုနေကြသူတွေများကို  ထိမိလှတဲ့ စကားလုံးတွေနဲ့  ပြန်လည်ချေပ ပြောဆိုလိုက်တာပဲ  ဖြစ်ပါတယ်။ 

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

" Federal Army တံဆိပ်လေးဖြစ်ဖြစ် နွေဦးတော်လှန်ရေးတံဆိပ်လေး‌ဖြစ်ဖြစ် Profile pictureလေး အရောင်ပြထားလိုက်တယ်....

Wall ထဲမှာ ဟိုသတင်းဒီသတင်း အရောင်ပြshareထားတာလေး ၂ခု၃ခု....

ပြီးရင် Speak outလုပ်နေတဲ့လူတွေကို ပတ်ပြီးတိုက်ခိုက်တယ်....

မောင်လေးတို့ရေ....

အစ်မတို့ကမောင်လေးတို့အကွက်တွေမမြင်ရအောင် အစ်မတို့ကမောင်လေးတို့လိုမျိုး ၃ယောက်လောက်ပေါင်းတာတောင် A for Apple, B for Ball ကမတက်တာလည်းမဟုတ်ဘူးလေကွယ်....

စိတ်ချ...နင်တို့ကငါတို့ကိုစိတ်ဓါတ်ကျပြီး ဘာမှမတင်စေချင်လေ...ငါတို့တွေဘက်ကပိုပြီးတက်တက်ကြွကြွpostတွေတင်လေပဲဟေ့...

နားလည်လား....

နားမလည်ရင်(၃)ခေါက်လောက်စာလုံးပေါင်းပြီးပြန်ဖတ်!!!

#အရေးတော်ပုံအောင်ရမည်” ဆိုပြီး ရေးသားထားတာဖြစ်လို့ ပရိသတ်တွေလည်း သိရှိနိုင်စေရန်ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Paing Phyoe Thu’s Facebook Account 

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T