လူတွေအားလုံး ဒုက္ခရောက်နေကြတဲ့အချိန်မှာ ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာမို့ ကာကွယ်ဆေးမထိုးတော့ဖို့ ဆုံးဖြတ်လိုက်တဲ့ လင်းလင်း

//s9.kh1.co/5b/5b3bd0760fc39045bb276c8c438700e1df2c9ace.jpeg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ဖန်တီးပညာရှင်  လင်းလင်းကတော့  ရုပ်ရှင်ဇာတ်ကားများတွင်ပါ  ပါဝင်သရုပ်ဆောင်ကာ  ပရိသတ်တွေရဲ့  အချစ်တွေကို  သိမ်းပိုက် ရရှိထားတာပဲ  ဖြစ်ပါတယ်။  သူမကတော့  ဖေဖော်ဝါရီလ အစကတည်းမှ စတင်ပြီးယနေ့ချိန်အထိ  လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူတစ်ဦးအနေနဲ့  တက်ကြွစွာ  ပူးပေါင်းပါဝင်ခဲ့တာ  ဖြစ်ပါတယ်။ 

Photo Crd-Lin Linn’s Facebook Page 
Photo Crd-Lin Linn’s Facebook Page 
Photo Crd-Lin Linn’s Facebook Page 
Photo Crd-Lin Linn’s Facebook Page 

လမ်းပေါ်မထွက်ဖြစ်တဲ့  နေ့တွေမှာလည်း သတင်းအချက်အလက်တွေကို  ပြည်သူတွေသိရှိနိုင်အောင်  သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  အချိန်နဲ့တစ်ပြေးညီ  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  ညစဉ်ညတိုင်း ဘုရားဝတ်ပြုတဲ့ အခါမှာလည်း  မြန်မာပြည်ကြီး  အမြန်ဆုံးငြိမ်းချမ်းပါစေလို့  မြတ်စွာဘုရားရှင်ထံ  ဆုတောင်းနေတာ  ဖြစ်ပါတယ်။   နေ့စဉ်မပျက်မကွက်  ပဌာန်းရွတ်ဖတ်ပူဇော်ကာ  အသက်ပေးသွားခဲ့ကြရတဲ့  သူရဲကောင်းတွေအတွက်  အမျှပေးဝေနေတာလည်း ဖြစ်ပါတယ်။

Photo Crd-Lin Linn’s Facebook Page 
Photo Crd-Lin Linn’s Facebook Page 
Photo Crd-Lin Linn’s Facebook Page 
Photo Crd-Lin Linn’s Facebook Page 

အများပြည်သူတွေ  စိတ်ဒုက္ခတွေရောက်နေချိန်မှာ သူမအနေနဲ့  လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုကို ဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်တာပဲ  ဖြစ်ပါတယ်။  ဒါကတော့  အခုလိုဖြစ်နေတဲ့အချိန်မှာ  ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက်  ကိုဗစ်ကာကွယ်ဆေးထိုးရန်  ကမ်းလှမ်းခဲ့တာကို  ငြင်းပယ်ခဲ့တာပဲ  ဖြစ်ပါတယ်။  သူမရဲ့ ပို့စ်အောက်တွင်  အခုလိုခိုင်မာတဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့အတွက်  ပရိသတ်တွေက  လင်းလင်းအား  ချီးကျူးနေကြတာပါ။  ပရိသတ်တွေလည်း သိရှိစေရန်အတွက် ဒီသတင်းလေးကို တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက် ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Lin Linn’s Facebook Page 

Photo Crd-Lin Linn’s Facebook Page 
Photo Crd-Lin Linn’s Facebook Page 
Photo Crd-Lin Linn’s Facebook Page 
Photo Crd-Lin Linn’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T