နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ပြည်သူ့ သူရဲကောင်းတွေအတွက် သူငယ်ချင်းတွေနဲ့အတူသွားရောက်လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

//s9.kh1.co/b1/b153b15adfcd2614629fb2115c05f534f0f71d79.jpg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ​ပြောင်းလဲခဲ့တဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့တဲ့ သူတစ်ယောက်ပါ။

ရင်ထဲက ဆန္ဒအမှန်နဲ့ တရားမျှတမှုကို လိုလားတဲ့ ပြည်သူတွေ စုပေါင်းပြုလုပ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ဆောင်းယွန်းက လမ်းပေါ်ထွက်ကာ သူမကိုယ်တိုင်ပါဝင်ခဲ့ပါသေးတယ်။

Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account

ဒါ့အပြင် လူထုလှုပ်ရှားမှုမှာ အသက်ပေးကာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့ မိသားစုတွေထံ အလှူငွေပေးအပ်လှူဒါန်းတာကိုလည်း တွေ့ရပါတယ်။ ဆောင်းယွန်းက ဒီကနေ့ မတ်လ ၂၅ရက်နေ့မှာလည်း ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး အလှူဒါနတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ အသက် ၁၅နှစ်အရွယ် သမီးလေးရဲ့ အိမ်ကို သွားရောက်ကာ ငွေကြေးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ 

Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account

သူငယ်ချင်းတွေနဲ့အတူ ကျန်ရစ်သူ မိသားစုထံ အလှူငွေပေးအပ်ခဲ့တဲ့ ပုံတွေကို တင်ပေးလာရင်း ဆောင်းယွန်းစံက " နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော သူရဲကောင်းများအတွက် ဆောင်းယွန်းတို့ သူငယ်ချင်းတွေ တတ်နိုင်သလောက်လေးလှူဒါန်းခဲ့ပါတယ် တူတူလှူဒါန်းပေးကြတဲ့သူများ အားလုံးကိုလဲ ကျေးဇူးပါရှင့် " ဆိုပြီး သူမရဲ့ Facebook Account ထက်မှာ တင်ပေးလာခဲ့တာပါ။ အခုလို အခြေအနေမျိုးမှာ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီနေတဲ့ ဆောင်းယွန်းတို့ သူငယ်ချင်းရဲ့ ပုံတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account

သတင်း အရင်းအမြစ်Source & Photo Credit - Saung Yoon San's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T