ရန်ကုန်ကကျာင်းသားတွေ ပြန်လွတ်လာလို့ အတိုင်းမသိဝမ်းသာနေပြီး မန္တလေးကကျောင်းသားတွေကိုလည်း စိတ်ပူနေတဲ့ အိန်ဂျယ်လမုန်

//s9.kh1.co/0e/0e36cdd836028a28ff747d97482565a5a344b4e8.jpg
အနုပညာရှင်များ

 ၂၅-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာအောင်မြင်မှုတွေ အထိုက်အလျှောက်ရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချော အိန်ဂျယ်လမုန်ကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေသူပဲ ဖြစ်ပါတယ်..။

လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာ အများပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်နေသလို တတ်နိုက်တဲ့ဘက်နေ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေကာ ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

အိန်ဂျယ်လမုန်ကတော့ မတ်လ(၂၄)ရက်နေ့က ရန်ကုန်မှာကျောင်းသား(၇၀၀)ကျော် ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာရသလို မန္တလေးက ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေလည်း အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက် SpeakOut လုပ်ပေးကြဖို့ တိုက်တွန်းလာပါတယ်..။

ရန်ကုန်ကကျောင်းသားတွေလွတ်မြောက်လာလို့ မန္တလေးက သူငယ်ချင်းတွေကိုလည်း သတိတရဖုန်းဆက်ပြီး သတင်းမေးတဲ့အခါ ကျောင်းသားတွေ မလွတ်သေးတဲ့အကြောင်းလေးကိုကြားသိရတဲ့အတွက်လည်း စိတ်မကောင်းစွာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ကို ဆုတောင်းပေးထားတာလည်း တွေ့ရပါတယ်..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

"ဒီနေ့ ရန်ကုန်က ၃ရက်နေ့ကအဖမ်းခံထားရတဲ့ကျောင်းသားအယောက် ၇၀၀ကျော်ပြန်လွတ်ပေးတာ အတိုင်းမသိပျော်ရွင်ရတယ် ♥️ ပြန်လွတ်လာတဲ့အထဲ သူငယ်ချင်းမိသားစုရဲ့ သက်ဆိုင်သူတွေလဲပါလာတာမို့ တနေ့လုံး အိမ်မှာနေရင်း ဖုန်းတွေဆက်ကျ တာပေါ့... မန်းလေးကသူငယ်ချင်းကိုလဲ ချက်ချင်းသတိရပီး သတင်းလှမ်းမေးတော့ သူတို့က မလွတ်သေးဘူးတဲ့ ?

မန်းလေးက ကျောင်းသားတွေအတွက်လဲ ထပ်ပီး SpeakOut လုပ်ပေးကြပါဦးနော် ???

ရက်ပေါင်း ၂၅ ကျော်သွားပါပီ

အားလုံးဘေးကင်းကင်းနဲ့ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ ..??.." ဆိုပြီး အိန်ဂျယ်က ဆုတောင်းစကားလေးဆိုရင်း ပြောပြထားတာပါ..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

သတင်း အရင်းအမြစ်Angel Lamung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T