အခုလိုအချိန်မှာ အလှူရှင်မရှိတာကြောင့် ကလေးအယောက်(၅၀)ကျော်အတွက် စားရေး၊သောက်ရေး ခက်ခဲနေရတဲ့ ဒလဘက်က မိဘမဲ့ဂေဟာ

//s9.kh1.co/41/41815974ba5e5f63196f723fc8690143420eb697.jpeg
နေ့စဉ်သတင်းများ

 ၂၅-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အခုလိုအချိန်မှာ အလှူရှင်မရှိတာကြောင့် ကလေးအယောက်(၅၀)ကျော်အတွက် စားရေး၊သောက်ရေး ခက်ခဲနေရတဲ့ ဒလဘက်က မိဘမဲ့ဂေဟာ

မြန်မာပြည်သူ၊ပြည်သားတွေရဲ့ နဂိုစိတ်ရင်းအခံက အလှူအတန်းရက်ရောကြတာဖြစ်လို့ ဒီလိုကာလမျိုးမှာ ပိုပြီးတော့တောင် လှူဒါန်းနေကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် စီးပွါးရေးကျပ်တည်းကြပေမယ့် အကူအညီလိုအပ်နေကြတဲ့သူတွေကို မိမိတို့မှာရှိတာလေးတွေနဲ့ မျှပြီးလှူဒါန်းနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ မိဘမဲ့ဂေဟာတွေအတွက်လည်း စေတနာရှင်တွေက တတ်နိုင်သလောက်လှူဒါန်းနေကြတာ ဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်ဦးကတော့ ဒလဘက်မှာရှိတဲ့ မိဘမဲ့ဂေဟာကိုသွားရောက်ပြီး ကလေးတွေအတွက်လိုအပ်တာလေးတွေလှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိဘမဲ့ဂေဟာလေးက ဒလဘက်က ကျူးကျော်လိုနေရာမျိုးမှာ တဲလေးတွေထိုးပြီး တာလပတ်လေးတွေနဲ့ကာထားတာဖြစ်လို့ အခုလိုနွေရာသီမှာ ကလေးတွေမခံနိုင်လောက်အောင် အရမ်းပူနေတာ ဖြစ်ပါတယ်။ဒီမိဘမဲ့ဂေဟာလေးကို လူသိပ်မသိကြတာကြောင့် ပုံမှန်အချိန်မှာဆိုရင်တောင် အလှူရှင်နည်းပါးတာဖြစ်ပြီး ကလေးအယောက်ငါးဆယ်ကျော်အတွက် စားရေး၊သောက်ရေး ခက်ခဲနေရတယ်လို့ သိရပါတယ်။ကလေးအယောက်(၅၀)အတွက် တစ်ရက်စာအလှူဆိုရင်တော့ တစ်သိန်းကျပ်လောက် ကျသင့်မှာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကလေးတွေအတွက် ဝတ်စရာအင်္ကျီနည်းပါးလို့တောင် (၃)နှစ်အရွယ်ယောက်ျားလေးကို ဂါဝန်လေးဝတ်ပေးထားရတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာအလှူရှင်ပိုနည်းနေတဲ့အတွက်   ကလေးတွေအတွက် အရုပ်တို့၊အင်္ကျီတို့ကိုလည်း တစ်နိုင်တစ်ပိုင်လေးလှူဒါန်းလို့ရပါသေးတယ်။မိဘမဲ့ဂေဟာလေးကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီးလှူဒါန်းချင်တဲ့ စေတနာရှင်တွေအတွက်လည်း(Nom1100/11: Maha Ba Khaing Street: Kyan Sitt Thar Quarter.  09766035963)ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ဆိုတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T