လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်နေတဲ့ လူငယ်တွေကို အပြစ်မမြင်ဘဲ အကောင်းဘက်ကတွေးပေးကြဖို့ တောင်းဆိုလိုက်တဲ့ G Fatt

//s9.kh1.co/37/37ff6c67c62394e5296672224c7fc69632bb43ad.jpeg
အနုပညာရှင်များ

 ၂၄-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် G Fatt ကတော့  တေးသီချင်းတွေကို  ကိုယ်တိုင်ဖန်တီးရေးသားသီဆိုနေတဲ့  လူငယ်တေးသံရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။  လူငယ်ပီပီ အမှန်တရားဘက်ကနေ  ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။ ကျရာအခန်းကဏ္ဍကနေ  ကူညီဆောင်ရွက်ပေးနေတဲ့ G Fatt ကိုတော့  ပရိသတ်တွေအားလုံးက  လေးစားနေကြတာပါ။

Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 

လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီးတော့  သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို လူမှုကွန်ယက်စာမျက်နှာတွင်  အမြဲရေးသားဝေမျှပေးနေသူလည်း  ဖြစ်ပါတယ်။  မကြာသေးခင် ရက်ပိုင်းလောက်ကလည်း G Fatt ရဲ့ Facebook အကောင့်တွင် လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေတဲ့ လူငယ်တွေကို အပြစ်မမြင်ဘဲ အကောင်းဘက်ကတွေးပေးကြဖို့ တောင်းဆိုလိုက်တာပဲ  ဖြစ်ပါတယ်။ " နည်းနည်းပင်ပန်းလို့ ခဏနားတာ​တော့ရှိမယ် ​သွေး​အေး​နေတာမဟုတ်ဘူး ။  လူ​တွေ အသလွတ်သတ်​နေလို့ ဘယ်နည်းလမ်း​ကောင်းမလဲ ခဏစဥ်းစားတာလည်း ဖြစ်တယ် ။ ဒီမတရားမှုတွေအ​ပေါ် ​နေသားကျသွားစရာ အ​ကြောင်းမရှိဘူး။   လမ်း​တွေအဖယ်ခံရတိုင်း ရင်ထဲက မတရားမှု​တွေကလမ်း​တွေလို ရှင်းသွားမှာမဟုတ်ဘူး ။ ရပ်ကွက်ထဲက ဒလန်​တွေလည်း မြဲမြဲမှတ်ထား ခင်ဗျားတို့လုပ်ရက်အတွက်ဘဝ​ပေး အသက်​ပေးလိုက်ရတဲ့ လူငယ်​တွေကိုယ်စား ကျန်တဲ့လူငယ်​ပေါင်းများစွာက ခင်ဗျားတို့ကိုဘယ်တော့မှကမ္ဘာမ​ကြေဘူး ။ ​ခေါင်းကိုချည်းတည်ပစ်ခဲ့ကြတဲ့သူ​တွေလည်း နောင်တစ်ချိန်ဘယ်အ​ကြောင်းပြချက်​ပေး​ပေးကျွန်​တော်တို့ခွင့်လွှတ်မှာမဟုတ်ဘူး ။ ဆို​တော့ .. စည်းလုံးမှုအားဟာ အရှိန်မကျပါဘူး ။ 

Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 

ကန့်လန့်လိုက်တိုက်မယ့် လူကြီး​တစ်ချို့ရှိ​ပေမယ့် တစ်ကယ်အားတက်သ​​ရော ပါဝင် ကြတဲ့ လူကြီး​တွေလဲ ဒုနဲ့​ဒေးပဲဘယ်သူကန့်ကွက် ကန့်ကွက် ကျွန်​တော်တို့က ဒီမတရားမှု​တွေကို တွန်းလှန်မှာပဲ ။ ကျွန်​တော်တို့ GZ ​​တွေကို ကာကွယ်​ဖေးမမယ် ။ သူတို့​အောင်ပွဲအတွက် ကျွန်​တော်တို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စဥ်းစားဝန်းရံမယ် ။အား​ပေး​ဖေးမမယ် ။  လူကြီးတစ်ချို့လည်း အမြင်​ပြောင်း​စေချင်တယ် တစ်ခြားနိုင်ငံက လူငယ်တွေကို ​"တော်လိုက်တာ"  "ထက်မြက်လိုက်ကြတာ" စသဖြင့် အားကျ ချီးကျူးဖူးတယ် မလား ? ကျွန်​​တော်တို့ဆီက က​လေး​တွေမှာလည်း  အဲ့ထက်မ​လျော့တဲ့အရည်အချင်း​တွေရှိတယ် ၊ နိုင်ငံခြားသားတစ်​​ယောက် မြင်တိုင်း Auto အထင်ကြီးစိတ်ဝင်တဲ့မျိုးဆက်မဟုတ်ဘူး ။ရင်​ဘောင်တန်းပြမယ့် မျိုးဆက်ဖြစ်တယ် ။  ဒီအ​ရေး​တော်ပုံ​အောင်လို့ ဒီမိုက​ရေစီရရင် ဒီနိုင်ငံကို သူတို့ လက်နဲ့ ဆွဲတင်ပြကြလိမ့်မယ် ။ ​စောင့်ကြည့်။ အဓိက​ပြောချင်တာက​တော့ က​လေး​တွေကိုအား​ပေးပါ ၊ ကာကွယ်ပါ ၊  ဝိုင်း​စောင့်​လျောက်ပါ။  ဦး​လေးတို့အ​ကြောက်တရားနဲ့အန်တီတို့စိုးရိမ်စိတ်ကို ကျွန်​တော်တို့နားလည်ပါတယ် ။  ဒီပွဲမနိုင်နိုင်ဘူးလို့ ဦးတို့အန်တီတို့ ​ထင်​နေတာလည်း နားလည်ပါတယ် ။  ဒါ​ပေမယ့် ကျွန်​တော်တို့က လူငယ်​တွေပါ ကျွန်​တော် တို့မှာ ယုံကြည်ချက်​တွေ​ရော အနာဂါတ်​တွေ​ရော အမှားအမှန်ခွဲခြားနိုင်စွမ်း​တွေ​​ရော တိုင်းပြည်ကိုချစ်စိတ်​တွေ​ရော အပြည့်ရှိတယ် ။ " ဆိုပြီး ရေးသားထားတာကို ပရိသတ်တွေလည်း သိရှိစေရန်အတွက် တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- G Fatt’s Facebook Account 

Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 
Photo Crd- G Fatt’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T