လှိုင်သာယာက အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုကို အလှူငွေများ လှူဒါန်းခဲ့တဲ့ ထက်အောင်ရှိုင်း

//s9.kh1.co/25/253ed2245867387e08bf99ab5a9384625da74c5a.jpeg
အနုပညာရှင်များ

 ၂၄-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကတော့ ဒီနေ့ဒီချိန်ထိ အသက်ဝင်နေဆဲဖြစ်ကာ ပြည်သူလူထုကလည်း ဘယ်လိုအခက်အခဲတွေပဲကြုံတွေ့နေရပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်ပန်းတိုင်အတွက် ရရာနေရာတွေကနေ ဆန္ဒထုတ်ဖော်လျက်ရှိနေဆဲပါ။ပြည်သူအားလုံးဟာ လှုပ်ရှားမှုပေါင်းများစွာကို အသုံးချကာ ညီညီညွတ်ညွတ်နဲ့ရင်ထဲကဆန္ဒတွေကိုထုတ်ဖော်လျက်ရှိတာကိုလည်းလေးစားစွာတွေ့မြင်ရသလို ကမ္ဘာအနှံ့အပြားကလည်း ချီးကျူးခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

တစ်ရက်တစ်ရက် အရှိန်ဟုန်ကောင်းနေဆဲဖြစ်တဲ့ လှုပ်ရှားမှုကြီးဟာ အန္တရာယ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရသလိုလူငယ်တွေကလည်း နောက်မဆုတ်ဘဲ အကာအကွယ်မျိုးစုံကို ကိုယ်တိုင်ဖန်တီးရင်း ညီညီညွတ်ညွတ် ပြန်ခုခံကာ လှုပ်ရှားမှုတွေပြုလုပ်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။ဒီထဲမှာမှ အသက်ပေးသွားရတဲ့ သူရဲကောင်းအာဇာနည်တွေလည်း များစွာထွက်ပေါ်ခဲ့တာကြောင့် ပြည်သူပြည်သားအားလုံးက ဝမ်းနည်းမျက်ရည်ကျခဲ့ရတာအမှန်ပါပဲ။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

တိုင်းပြည်အတွက်အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူပြည်သားတွေက ငြိမ်းချမ်းစွာဆုတောင်းပေးခြင်းတွေပြုလုပ်ပေးကြသလို အနုပညာရှင်တွေကလည်း ကျန်ရစ်သူမိသားစုတွေဆီကို သွားရောက်ကာ အလှူငွေများလှူဒါန်းခဲ့ပါတယ်။အခုဆိုလည်း ထက်အောင်ရှိုင်းဟာ လှိုင်သာယာမှာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကို သွားရောက်ကာ အလှူငွေများ လှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ထက်အောင်ရှိုင်းရဲ့ အလှူပုံရိပ်တွေကို မျှဝေပေးရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအားလုံး ကောင်းရာသုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account
Source & Photo Credit : Htet Aung Shine Facebook Account
Source & Photo Credit : Htet Aung Shine Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T