ပေါင်ကိုကျည်ထိပြီး ဖမ်းဆီးခံသွားရလို့ မိဘတွေကသေပြီလို့ယူဆကာ သင်္ဂြိုလ်ခဲ့ကြပေမယ့် ဒီနေ့မှာ ကျန်းကျန်းမာမာနဲ့ပြန်ရောက်လာခဲ့တဲ့ လူငယ်တစ်ဦး

//s9.kh1.co/94/941badb951b11d67370e81c0c78a82c18bb4467a.jpeg
နေ့စဉ်သတင်းများ

 ၂၄-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပေါင်ကိုကျည်ထိပြီး ဖမ်းဆီးခံသွားရလို့ မိဘတွေကသေပြီလို့ယူဆကာ သင်္ဂြိုလ်ခဲ့ကြပေမယ့် ဒီနေ့မှာ ကျန်းကျန်းမာမာနဲ့ပြန်ရောက်လာခဲ့တဲ့ လူငယ်တစ်ဦး

လက်ရှိဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေမှာဆိုရင် တိုင်းရင်းသားပေါင်းစုံ၊လူမျိုးအသီးသီးက တတ်နိုင်တဲ့အင်အားနဲ့ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။အခုလိုမျိုး သွေးချင်းညီနောင်ဖွားတွေကပါ စည်းစည်းလုံးလုံးရှိကြလို့အရမ်းအားတက်စရာကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်။ချင်းတိုင်းရင်းသားတစ်ယောက်ဆိုရင် မိမိရဲ့အသက်အန္တရာယ်ကို ပဓာနမထားဘဲ လူထုလှုပ်ရှားမှုတွေမှာ ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်အားဖြည့်ပေးခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီချင်းလူငယ်လေးကတော့ မြောက်ဥက္ကလာပက လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ပေါင်ကို ကျည်ဆံထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပေါင်ကို ကျည်ဆံထိမှန်ပြီးနောက်မှာ ချင်းလူငယ်လေးကို ဖမ်းဆီသွားကြပြီး အိမ်ပြန်မလွှတ်ခဲ့တာကြောင့် မိသားစုကလည်း ရဲစခန်းနဲ့ပြည်သူ့ဆေးရုံတွေမှာ လိုက်ရှာခဲ့ကြတာဖြစ်ပါတယ်။မိသားစုကတော့ ရက်အတော်ကြာရှာပြီးတဲ့နောက်မှာ ကျဆုံးသွားပြီလို့ သတင်းကြားခဲ့တာကြောင့် မတ်လ(၇)ရက်နေ့မှာပဲ ခရစ်ယာန်ထုံးတမ်းအစဉ်အလာနဲ့အညီ ဆုတောင်းသင်္ဂြိုလ်ခဲ့တာဖြစ်ပါတယ်။မိသားစုတွေကလည်း သားလေးကျဆုံးသွားပြီဆိုပြီး ဝမ်းနည်းပူဆွေးကာ ရင်ကျိုးနေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မတ်လ(၂၄)ရက် ဒီနေ့ မနက်(၁၁)နာရီဝန်းကျင်မှာတော့ ချင်းလူငယ်လေးက ကျန်းကျန်းမာမာနဲ့ပဲ မိဘတွေဆီကိုပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ရက်အတော်ကြာမှ အသက်ရှင်ရက်ပြန်လာခဲ့တဲ့ သားလေးကိုတွေ့လို့ မိဘတွေအနေနဲ့လည်း အရမ်းဝမ်းသာခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင် ချင်းလူငယ်လေးအပါအဝင် ပြည်သူ ရာကျော်လောက်ကို အင်းစိန်ထောင်မှ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။သေကံမရောက် သက်မပျောက်ဘဲ ကျန်းကျန်းမာမာနဲ့ မိဘတွေဆီပြန်ရောက်ခဲ့တဲ့ ချင်းလူငယ်လေးရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

Source&Photo Credit: Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T