စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေးကတော့ သရုပ်ဆောင် မင်းသမီး နော်ဖောအယ်ထားပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျရာအခန်းကဏ္ဍကနေ အားကြိုးမာန်တက်ပါဝင်ပေးနေတဲ့ အနုပညာရှင်များစွာထဲက တစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီးချီးကျူးနေကြတာပါ။
ကိုယ်တိုင်အပင်ပန်းခံကာ လူထုလှုပ်ရှားမှုတွင် ပါဝင်နေရုံတင်မကဘဲ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များထံသို့ ကိုယ်တိုင်သွားရောက်ပြီး အလှူငွေတွေလည်း လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း အချိန်နဲ့အမျှ အရေးကြီးတဲ့သတင်းအချက်အလက်တွေအား ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ညပိုင်းတွင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ပြုလုပ်ပေးတဲ့ ဆုတောင်းပွဲတွေမှာလည်း ဇွဲမလျော့ဘဲ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း နော်ဖော်ရဲ့ Facebook Page တွင် အားလုံးပါဝင်နေကြတဲ့ အသံတိတ်သပိတ်မှာ ပြည်သူတစ်ဦးအနေနဲ့ အားဖြည့်ပူးပေါင်းနေတဲ့ ပုံရိပ်တွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ သူမကလည်း " အသံတိတ်သပိတ်
SILENT STRIKE ❗️
၂၄/၃/၂၀၂၁
#March24Coup
#SilentStrike
#WhatsHappeningInMyanmar " ဆိုပြီး ရေးသားကာ ဝေမျှပေးထားတာကြောင့် ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Naw Phaw Eh Htar’s Facebook Page