အမေတစ်ခု၊သားတစ်ခုဘဝလေးမှာ (၁၄)နှစ်အရွယ်သားလေးရဲ့ရင်ဝကို ကျည်ထိမှန်ပြီး ဆုံးရှုံးသွားရလို့ ရင်ကွဲမတက်ဖြစ်နေတဲ့ မိခင်တစ်ဦး

//s9.kh1.co/84/84fd10092145351b70f3a699e4a97cca4640b8f6.jpeg
နေ့စဉ်သတင်းများ

 ၂၄-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အမေတစ်ခု၊သားတစ်ခုဘဝလေးမှာ (၁၄)နှစ်အရွယ်သားလေးရဲ့ရင်ဝကို ကျည်ထိမှန်ပြီး ဆုံးရှုံးသွားရလို့ ရင်ကွဲမတက်ဖြစ်နေတဲ့ မိခင်တစ်ဦး

လက်ရှိအချိန်ထိဆောင်ရွက်နေကြတဲ့ လူထုလှုပ်ရှားမှုတွေကိုဆိုရင် ဖေဖော်ဝါရီလကတည်းက ပြည်သူတွေစုပေါင်းပြီး အင်တိုက်အားတိုက်နဲ့ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။(၂၃.၃.၂၀၂၁)ရက် ကလည်း ကျဆုံးသူဦးရေတွေထပ်တိုးလာခဲ့ပြီး လတ်တလောအခြေအနေကြောင့် တချို့မိသားစုတွေမစုံမလင်ဖြစ်သွားခဲ့ရပြီ ဖြစ်ပါတယ်။မတ်လ(၂၂)ရက် နေ့ကဆိုရင် အမေတစ်ခု၊သားတစ်ခုဘဝနဲ့ရပ်တည်နေတဲ့ မိသားစုလေးမှာ (၁၄)နှစ်အရွယ်သာရှိသေးတဲ့ သားလေးရဲ့ရင်ဝကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

(၁၄)နှစ်အရွယ်ပဲရှိသေးတဲ့ကလေးရဲ့ နာမည်က မောင်ထွန်းထွန်းအောင်ဖြစ်ပြီး အဖေမရှိတော့ဘဲ မိခင်နဲ့အတူမန္တလေးက ကျူးတဲလေးမှာ နေထိုင်ရတာဖြစ်ပါတယ်။အသက်သာငယ်ပေမယ့် ရဲရင့်တဲ့စိတ်ဓာတ်ရှိလို့ သူ့ထက်ကြီးတဲ့လူငယ်လေးတွေက လူထုလှုပ်ရှားမှုမှာ ပါဝင်နေချိန်မှာ “အစ်ကိုတို့ ကျွန်တော်လည်း လိုက်ချင်တယ်”လို့ပြောခဲ့တယ်လို့သိရပါတယ်။မောင်ထွန်းထွန်းအောင်ရဲ့မိခင်ဖြစ်သူကတော့”သားရယ် ဂွတောင်မပစ်တတ်ဘဲ ဘာလိုက်လုပ်မှာလဲ နေခဲ့”ဆိုပြီး တားလိုက်တော့ မျက်နှာလေးအလိုမကျဖြစ်သွားပေမယ့် မိခင်ရဲ့စကားကိုနားထောင်ခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီနောက်မှာတော့ မိခင်က မောင်ထွန်းထွန်းအောင်ကို”ငါ့သားရေ ရေအိုးစဉ်လေး အိမ်ထဲထည့်ပေးဦး”လို့ ခိုင်းခဲ့တာကြောင့် သားဖြစ်သူက ရေအိုးစဉ်လေးကိုကိုင်ပြီး ကျူးအိမ်လေးရဲ့တံခါးအဖွင့်မှာတင် ကျည်ထိသွားခဲ့တာဖြစ်ပါတယ်။ကျည်ဆံရဲ့အားက ဘယ်လောက်ပြင်းလဲဆိုရင် ရင်ဝကို ထိုးချင်းဖောက်ပြီး ဝါးထရံထိလွင့်စင်သွားကာခွေလဲကျသွားရရှာတာဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့ “သူ့ကြောင့် သားလေးသေရပါတယ်”ဆိုပြီး ရင်ကွဲမတက်ဖြစ်ကာ အရမ်းငိုယိုနေတာဖြစ်ပါတယ်။အမေတစ်ခု၊သားတစ်ခုသာရှိတဲ့ဘဝလေးမှာ သားလေးကိုဆုံးရှုံးလိုက်ရတဲ့မိခင်နဲ့ထပ်တူ ပြည်သူလူထုကလည်း အရမ်းဝမ်းနည်းနေကြပြီး စိတ်မကောင်းစရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;<br>
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T