ပြည်သူထဲကပြည်သူတစ်ဦးဖြစ်တာကြောင့် အသံတိတ်သပိတ်နေ့မှာလည်း တစ်တပ်တစ်အား ပူးပေါင်းပါဝင်နေတဲ့ ခင်ဝင့်ဝါ

//s9.kh1.co/da/da6d6189a32d2ca87724fd894c6698decf405acf.jpeg
အနုပညာရှင်များ

 ၂၄-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတိုင်းမှာ ကျရာနေရာကနေ  ပီပြင်စွာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားသူကတော့  သရုပ်ဆောင်  ခင်ဝင့်ဝါပဲ  ဖြစ်ပါတယ်။  သူမကတော့  ဖေဖော်ဝါရီလအစကတည်းကနေ  ယနေ့ချိန်အထိ  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။ အရေးကြုံလာတိုင်း  ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေသူဖြစ်တာကြောင့်  အားလုံးက  လေးစားနေကြတာပါ။

Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 

ဒါ့အပြင်  လူထုလှုပ်ရှားမှုမှာ  ပါဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့  သူရဲကောင်းတွေအတွက်လည်း  သူငယ်ချင်းတွေနဲ့  စုပေါင်းပြီး  အလှူငွေများလည်း  လိုက်လံလှူဒါန်းခဲ့တာလည်း  ဖြစ်ပါတယ်။ ပြည်သူချစ်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း  အားလုံးနဲ့တန်းတူ အပင်ပန်းခံကာ လှုပ်ရှားမှုတိုင်းမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့  ခင်ဝင့်ဝါရဲ့ဖြူစင်တဲ့ စိတ်ထားကတော့ ဂုဏ်ယူစရာပါပဲနော်။  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  ကျောင်းသားတွေအတွက်  အမြဲ speak out လုပ်ပေးနေတာကိုလည်း  မြင်တွေ့ရမှာပါ။

Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ခင်ဝင့်ဝါရဲ့ Facebook Page တွင်  ဓာတ်ပုံတစ်ချို့တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  ပြည်သူထဲကပြည်သူတစ်ဦးဖြစ်တာကြောင့် အသံတိတ်သပိတ်နေ့မှာလည်း တစ်တပ်တစ်အားပူးပေါင်းပါဝင်နေတဲ့ ခင်ဝင့်ဝါရဲ့ ပုံရိပ်တွေပဲ  ဖြစ်ပါတယ်။  သူမကလည်း " အသံတိတ်သပိတ် 

SILENT STRIKE ❗️

၂၄/၃/၂၀၂၁

#March24Coup

#SilentStrike

#WhatsHappeningInMyanmar " ဆိုတဲ့ စာသားနဲ့အတူ ပရိသတ်တွေအတွက် ဝေမျှပေးထားတာကြောင့်  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khin Wint Wah’s Facebook Page 

Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Photo Crd-Khin Wint Wah’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T