တိမ်ညိုစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကောက်ခံရရှိထားတဲ့ အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ ရှိုင်း

//s9.kh1.co/42/428f497e47b6e1ad323bca757ce0cedaf9be7235.jpeg
အနုပညာရှင်များ

 ၂၄-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရှိုင်းကတော့ ရခိုင်လူမျိုးတစ်ယောက်ဖြစ်ပြီး  သူ့ရဲ့အသံအေးအေးလေးကို  ပရိသတ်တွေ နှစ်ခြိုက်အားပေးနေကြတာပါ။  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်မှ  ရပ်တည်ကာ  ပူးပေါင်းပါဝင်ခဲ့တာလည်း  ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ကာ  ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသခဲ့ရုံတင်မကဘဲ အခက်အခဲဖြစ်နေတဲ့  ပြည်သူတွေအတွက်လည်း လိုအပ်တာတွေလိုက်လံလှူဒါန်းပေးနေသူတစ်ယောက်  ဖြစ်ပါတယ်။

Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page

အခုမှာလည်း  ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်  မီးဘေးသင့်ခံခဲ့ရတဲ့  ပြည်သူတွေအတွက်  ကောက်ခံရရှိထားတဲ့ အလှူငွေ သိန်းသုံးရာကျော်အား သွားရောက်လှူဒါန်းခဲ့တဲ့  ပုံရိပ်တွေအား  သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်တွင်  အခုလိုဝေမျှထားတာပဲ  ဖြစ်ပါတယ်။ " အောင်မြင်စွာ လှူဒါန်းခဲ့ပါပြီ ခင်ဗျာ . . . ??

ဒီနေ့ပဲ တိမ်ညိုစစ်ဘေးရှောင်စခန်းကို အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့ပါတယ် . . . 

မီးဘေးသင့်ရာမှာ ပျက်စီးခဲ့တဲ့ အိမ်ထောင်စု တစ်အိမ်ထောင်စုကို ၄၀၀၀၀ ကျပ် ( လေးသောင်းကျပ် ) နှုန်းစီဖြင့်အိမ်ထောင်စု ၆၆၇ စုစာ စုစုပေါင်း သိန်း ၂၆ ၆၈၀ ၀၀၀ ကျပ် ( သိန်းနှစ်ရာ ခြောက်ဆယ့်ခြောက်သိန်း ရှစ်သောင်းကျပ် ) ကို လည်းကောင်း . . . 

ပြန်လည်ထူထောင်ရေးအတွက် တာဝန်ခံအဖွဲ့အား ၃ ၆၄၀ ၀၀၀ ကျပ် ( သုံးဆယ့်ခြောက်သိန်း လေးသောင်းကျပ် ) ကို လည်းကောင်း . . . 

စုစုပေါင်း အလှူငွေ သိန်း ၃၀ ၃၂၀ ၀၀၀ ကျပ် ( သိန်း သုံးရာ့ သုံးသိန်း နှစ်သောင်းကျပ် ) ကို လှူဒါန်းပေးအပ်ခဲ့ပါတယ် ခင်ဗျာ . . . 

စစ်ဘေးရှောင် မိဘပြည်သူများအားလုံးကို အားပေးစကားတွေလည်းအများကြီးပြောပေးခဲ့သလို အခုဆိုရင်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံးအနေအထားနဲ့ တွန်းလှန်နေကြပြီမို့ စစ်ဘေးဒုက္ခတွေကြားမှာ အတတ်နိုင်ဆုံးဆက်လက်အားတင်းထားကြဖို့လည်း သေချာပြောပြခဲ့ပါတယ် . . . 

Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page

ကျွန်တော့်ဆီမှာ ယုံယုံကြည်ကြည်နဲ့ အလှူငွေ ထည့်ဝင်ပေးကြတဲ့ နိုင်ငံတစ်ဝှမ်းက အလှူရှင်မိဘပြည်သူများအားလုံးရော ၊ ငွေသားထုတ်ယူဖို့အတွက် ကူညီပေးကြတဲ့ စစ်တွေက အသိမိတ်ဆွေများ ၊ သွားရေးလာရေး ကူညီပေးကြတဲ့ အသိမိတ်ဆွေညီအစ်ကိုမောင်နှမ အားလုံးကို ရင်ထဲကနေ ပြောမပြတတ်အောင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျ . . .

အလှူရှင်စာရင်းကိုလည်း အောက်ပါ link ထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ် . . ??

https://docs.google.com/spreadsheets/d/1UxRitdPw2greasK778zW7TZlovYQd6LtwTOoKyaXG20/edit?usp=sharing

အလှူရှင် စာရင်းပြုစုရေးသားရာမှာ လူဦးရေ များပြားလှတဲ့အတွက် တစ်ချို့ နာမည်စာလုံးပေါင်းတွေ မှားယွင်းတာ၊ တစ်ချို့ wave money ကလွှဲတာတွေအတွက် နာမည်ရှာမရတာမို့ လွှဲတဲ့ ID number ပဲထည့်ပေးနိုင်တာ ၊ တစ်ချို့တွေ Bank ကလွှဲပေးပေမယ့် ss လည်းမပို့ ၊ နာမည်လုံးဝရှာမရတာတွေ ရှိတာမို့ နာမည်အားလုံး အတိအကျ စာရင်းမပြုစု မရေးသားပေးနိုင်တာရှိရင် သည်းခံ ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျာ . . . ??

ဒီနေ့ လှူဒါန်းပြီးလို့ စာရင်းပိတ်သွားပေမယ့် အခုထိ ထပ်မံရောက်ရှိလာတဲ့ အလှူငွေတွေတစ်ချို့ ကိုလည်း မနက်ဖြန်ထပ်မံသွားရောက်လှူဒါန်းပေးပါ့မယ် ခင်ဗျာ . . . 

လှူဒါန်းကြသူများအားလုံးကို အခုလို အလှူငွေ တစ်ဆင့်ခံကူညီပေးခွင့်ရအောင် ကျွန်တော့်ဆီမှာ ယုံယုံကြည်ကြည်လှူဒါန်းပေးကြတဲ့အတွက်ရော ၊ ရခိုင်သားတစ်ယောက်အနေနဲ့ရော ရင်ထဲကနေ ပြောမပြတတ်အောင် ကျေးဇူးတင်ရှိကြောင်း ထပ်မံ ပြောကြားလိုပါတယ် ခင်ဗျာ . . . ?? 

အဖရခိုင်ပြည်ကြီး အေးချမ်းပါစေ . . . 

အမိမြန်မာနိုင်ငံတော်ကြီးလည်း အေးချမ်းပါစေ . . . 

အာဏာရှင် စနစ်မှန်သမျှ အမြန်ဆုံး ကျရှုံးပါစေ . . .

အားလုံး ဘေးအန္တရာယ်ကင်းဝေးကြပါစေ . . .

#Save_Arakan

#Save_Myanmar

( ps - ဒီနေ့ လှူဒါန်းခဲ့တဲ့ အလှူငွေစုစုပေါင်းနဲ့ အလှူရှင်စာရင်း link ထဲက အလှူငွေစုစုပေါင်းနဲ့  ၄၀၀၀၀ ကျပ် ကွာဟနေခြင်းဟာ ငွေသားထုတ်ယူရာမှာ အနည်းငယ် လွဲချော်မှုကြောင့် သွားလှူဒါန်းရာမှာ မပါသွားလိုက်တာဖြစ်ပြီး အခုထပ်မံဖြည့်စွက် လွှဲပေးခဲ့ပြီးဖြစ်ပါတယ် ခင်ဗျာ ) " ဆိုပြီး လှူဒါန်းသူတွေ  ကြည်နူးစေရန်  ဝေမျှထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း  ထပ်တူသာဓုခေါ်ဆိုနိုင်စေရန်  ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Shine’s Facebook Page 

Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Photo Crd-Shine’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T