အားလုံးခက်ခဲနေကြချိန်မှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေလည်ပတ်စေနိုင်ရန် ကြော်ငြာVlog တွေ အခမဲ့ရိုက်ကူးပေးသွားမယ့် Ah Boyတို့ ဇနီးမောင်နှံ

//s9.kh1.co/5a/5ae0f7b7df10a0d25506fb68251219a631dd1e45.jpeg
အနုပညာရှင်များ

 ၂၃-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် Ah Boy နဲ့ မြတ်ရတနာကျော်တို့  ဇနီးမောင်နှံကတော့  မကြာသေးခင် နာရီပိုင်းလောက်က  သူတို့ရဲ့Facebook Page တွင် ပြည်သူတွေ ဝမ်းသာစေမယ့်  သတင်းလေး​ဝေမျှပေးထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  အားလုံးအခက်အခဲတွေနဲ့  ရင်ဆိုင်နေရချိန်မှာ  ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ  ပြန်လည်  လည်ပတ်စေနိုင်ဖို့အတွက်  ကြော်ငြာ Vlog (၁၀) ခု အခမဲ့ ရိုက်ကူးပေးသွားမယ့် အစီအစဉ်အသေးစိတ်ကို  ရေးသားဝေမျှထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Our Travel Diaries’s Facebook Page 
Photo Crd-Our Travel Diaries’s Facebook Page 
Photo Crd-Our Travel Diaries’s Facebook Page 
Photo Crd-Our Travel Diaries’s Facebook Page 

" ‼️ အချင်းချင်းကလွဲပြီး ဘာမှမရှိတဲ့ကျွန်တော်တို့အတွက် ကျွန်တော်ဒီချိန်မှာ Support Local Business Campaign လေးတစ်ခုလုပ်ပေးချင်ပါတယ်။ ‼️

အခုလိုအခြေအနေမှာ အကုန်လုံးစီးပွားရေးအရရပ်တည်ဖို့ခက်ခဲနေချိန် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်သလောက် အားလေးနဲ့ Local Business ပြန်လည်ထူထောင်လာနိုင်အောင် Support လုပ်ပေးချင်ပါတယ်။ ကျွန်တော်တို့ Our Travel Diaries Page လေးကနေ Support Local Businesses ဆိုပြီး episode (10) ခုရိုက်ပြပေးသွားဖို့စီစဉ်ထားပါတယ်။ ကြော်ငြာခတစ်ပြားတစ်ချပ်မှမယူဘဲ ကုန်ပစ္စည်းပဲဖြစ်စေ၊ စားသောက်ကုန်ပဲဖြစ်စေ (စားသောက်ကုန်ဆိုရင်တော့ ခုချိန်ရန်ကုန်တွင်းပဲအဆင်ပြေတာမို့ ရန်ကုန် only သတ်မှတ်ထားပါတယ်) အခမဲ့နဲ့Honest Review ကိုပေးသွားမှာပါ။ ???

Photo Crd-Our Travel Diaries’s Facebook Page 
Photo Crd-Our Travel Diaries’s Facebook Page 
Photo Crd-Our Travel Diaries’s Facebook Page 
Photo Crd-Our Travel Diaries’s Facebook Page 

ကျွန်တော်တို့ Our Travel Diaries ရဲ့ ဒီအကျိုးပြု Campaign လေးမှာပါဝင်ချင်တယ်ဆိုရင်တော့... ???

၁) ဒီ Post လေးရဲ့အောက်မှာ Local Business တွေအနေနဲ့ မိမိတို့လုပ်ငန်းလေးတွေကို mention ခေါ်ပေးသွားကြပါ(ဒါမှမဟုတ်) Page Link လေးချပေးခဲ့ပါ။

၂) မိမိတို့ brand အကြောင်း အကျဉ်းချုံးလေးရေးပေးပါ။ 

ကျွန်တော်တို့တွေ ဒီ Campaign လေးကို ဧပြီရယ် (၁၂) ရက်နေ့မှာပိတ်ပါမယ်။ Campaign ပိတ်ပြီးတာနဲ့ သင်္ကြန်တွင်းမှာ ကျွန်တော်နဲ့ Team ကစီစစ်ပြီး Local Business (၁၀) ခုကိုနှစ်ဆန်းနှစ်ရက်နေ့မှာ ရွေးချယ်ပြီး ဆက်သွယ်ပေးပါမယ်ဗျာ။ ပြီးရင်တော့ ကျွန်တော်တို့ ရိုက်ကူးရေးစတင်ပြီး Support လုပ်ပေးသွားပါ့မယ်ဗျာ။ ခုချိန်မှာမြတ်ကကိုယ်ဝန်ကြီးနဲ့သိပ်နေမကောင်းတော့ Episode တိုင်းမှာမပါဝင်ပေးနိုင်တာကိုတော့ ကြိုတင်မေတ္တာရပ်ခံအပ်ပါတယ်။ ???

Comment လာရေးကြတဲ့ Business တွေက ပြည်တွင်းဖြစ် တကယ်ဟုတ်မဟုတ် Boycott List ထဲပါမပါဆိုတာလေးကိုတော့ ကျွန်တော်တို့ Fans တွေလည်း ဝိုင်းစီစစ်ပေးဖို့တောင်းဆိုချင်ပါတယ်။ ???

ကျွန်တော်တို့အားလုံးအတူတူတိုက်ပွဲဝင်ကြမယ်ဗျာ။ အားလုံးစည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီကြရအောင် ???

ဒီ Support Local Businesses ဆိုတဲ့ idea လေးကိုစတင်ခဲ့တဲ့ Influencers တချို့ကိုလည်း လေးစားပါတယ်ဗျာ။ Idea Credit လေးပေးပါတယ်။ ???"

#SupportLocalBusinesses #OTD #AhBoy #MyatYadnarKyaw

(ပုံလေးတွေကိုလည်း ရှာတွေ့တာလေးတွေယူသုံးထားတာမို့ Credit To Right Owner ပေးပါတယ်ဗျာ)"  ဆိုပြီး သူတို့ရဲ့ အစီအစဉ်ကို ဝေမျှပေးထားတာပါ။ ဒီအစီအစဉ်မှာ ပါဝင်ချင်သူများအနေနဲ့  Our Travel Diaries ဆိုတဲ့ Facebook Page လေးရဲ့ မူရင့်ပို့စ်အောက်တွင်  ပါဝင်နိုင်ကြောင်းကို  သတင်းကောင်းပါးအပ်လိုက်ပါစေနော်။

Source and Photo Crd-Our Travel Diaries’s Facebook Page and Original Uploader 

Photo Crd-Our Travel Diaries’s Facebook Page 
Photo Crd-Our Travel Diaries’s Facebook Page 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T