စုဆောင်းထားတဲ့ငွေကြေးလေးတွေနဲ့ လှိုင်သာယာကပြည်သူတွေအတွက် စားသောက်ကုန်တွေ တတ်နိုင်သလောက်လှူဒါန်းနေတဲ့ ညီညီမောင်

//s9.kh1.co/11/110d3a3126d51fb04badc7e43cd1f6a653855f30.jpg
အနုပညာရှင်များ

 ၂၃-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မိတ်ကပ်ပညာရှင်အဖြစ် အခိုင်အမာရပ်တည်လာသလို အနုပညာလောကမှာပါ ဇာတ်ကားတွေရိုက်ကူးထားပြီး အောင်မြင်မှုတွေရရှိထားတဲ့ ညီညီမောင်(စမ်းချောင်း)ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ညီညီမောင်ကတော့ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်လမ်းပေါ်ထွက်ပါဝင်နေပြီး လိုအပ်တဲ့နေရာလေးတွေမှာလည်း တတ်နိုင်သလောက် အင်အားဖြည့်ကူညီလှူဒါန်းနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

အလုပ်တွေရပ်နားထားရပေမယ့်လည်း သမ္မာအာဇီဝကျကျ ရှာဖွေစုဆောင်းထားတဲ့ သူမရဲ့ ချွေးနည်းစာငွေကြေးလေးတွေနဲ့ အခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။

စားဝတ်နေရေးခက်ခဲနေကြတဲ့ လှိုင်သာယာက ပြည်သူတချို့အတွက် တတ်နိုင်သလောက်လေးနဲ့ စားသောက်ကုန်တွေလှူဒါန်းခဲ့တာဖြစ်ပြီး နောက်ပိုင်းတွေမှာလည်း ထပ်လှူနိုင်ဖို့ကြိုးစားမယ့်အကြောင်းတွေကိုလည်း ညီညီမောင်က ပြောပြထားပါသေးတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

"လှိုင်သာယာ အတွက် တက်နိုင်သလောက်ကလေး လှုဖို့ စုဆောင်း တနိုင် အလှုလေးပေါ့ အလုပ်တွေရပ်ထားတာလည်း တစ်နှစ်နီးပါးရှိပြီ  ဒီထက်မက အများကြီးလှူနိုင်အောင် ကြိုးစားရဦးမယ် ?.." ဆိုပြီး သူမရဲ့ကုသိုလ်အလှူကို ဝေမျှပြောပြထားတာဖြစ်ပါတယ်..။

ခက်ခဲနေကြတဲ့ပြည်သူတွေအတွက် အခုလိုတတ်နိုင်သလောက် လှူဒါန်းနေတဲ့ ညီညီမောင်ရဲ့ မွန်မြတ်တဲ့အလှူကိုပရိသတ်တွေကလည်း ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

သတင်း အရင်းအမြစ်Nyi Nyi Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T