အသက်အန္တရာယ်ရှိနိုင်ပေမယ့် ဘယ်သူ့ခွင့်ပြုချက်မှမပါဘဲ မှန်တယ်ထင်လို့ လုပ်နေတာဆိုပြီး သူ့ရဲ့လက်ရှိအခြေအနေတွေကိုပြောပြလာတဲ့ ပိုင်တံခွန်

//s9.kh1.co/b6/b6d8422781443cb70a963ed7b5444e40933772ee.jpg
အနုပညာရှင်များ

 ၂၃-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင်တစ်ဦးအဖြစ် ပြည်ပနိုင်ငံတွေအထိပါ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ ပိုင်တံခွန်ကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ကာ အားလုံးနဲ့အတူရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက တော်လှန်ရေးတိုက်ပွဲကြီးမှာ ရှေ့ဆုံးကနေ မားမားမတ်မတ်နဲ့ တက်ကြွစွာပါဝင်ပြီး လူထုလှုပ်ရှားမှုတွေ ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်နေတဲ့ ပိုင်တံခွန်ကတော့ ဖြိုခွင်းမှုတွေကြောင့် လတ်တလောမှာ ရှောင်တိမ်းနေရတာလည်း ဖြစ်ပါတယ်..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

ဘယ်သူ့ခွင့်ပြုချက်မှ မပါဘဲမှန်တယ်ထင်လို့ လုပ်ဆောင်နေတာဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်ပေမယ့်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေတဲ့အကြောင်းလေးတွေကိုလည်း ပြောပြလာပါတယ်..။

ပိုင်တံခွန်ကတော့ သူနဲ့ပတ်သက်တဲ့သတင်းတွေကို အလွယ်တကူမယုံကြဖို့နဲ့ အိမ်ထဲမှာမုန်းတီးစိတ်တွေနဲ့ တစ်ချိန်လုံးမနေဘဲ ရှေ့ဆက်ဖို့အားအင်တွေအတွက် ကိုယ်ပိုင်အချိန်နဲ့ ပျော်ရွှင်မှုတွေကိုလည်း ပြန်ပေးရမယ်ဆိူပြီးတော့လည်း ပြောပြထားပါသေးတယ်..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

"အမြဲတမ်းလည်းပြောတယ် ကျနော့်page က

မတင်ရင် ဘာသတင်းမှ မယုံဖို့ နိုင်ငံ့ဒုက္ခရောက်နေချိန်မှာ မလိုအပ်တာတွေ page မှာ မမြင်စေချင်လို့

လက်ရှိဖြစ်နေတဲ့ နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး ကျနော်လုပ်ပေးနိုင်တဲ့ဘက်က

ကြိုးစားလုပ်ပေးတယ် နိုင်ငံရေးနားလည်လို့မဟုတ်ဘူး နိုင်ငံသားတယောက်အနေနဲ့ လုပ်တာ ဘယ်သူ့ခွင့်ပြုချက်မှ မပါပဲ ကိုမှန်တယ်ထင်လို့လုပ်တာ အခန့်မသင့်ရင် အသတ်တောင်ခံရနိုင်တယ် သူများနိုင်ငံမှာနေနေတာမဟုတ်ဘူး

နိုင်ငံရေး မကောင်းတာနဲ့ ပဲ

အိမ်ထဲနေပြီး ဒေါသထွက်လိုက် နာကျည်းလိုက် မုန်းတီးလိုက်နဲ့ တချိန်လုံး အဲ့စိတ်နဲ့ နေနေလို့မရဘူးလေခင်မျာ

ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ ပျော်ရွှင်မှုဆိုတာကို ပြန်ပေးရသေးတယ်

ဒါမှလည်း ရှေ့ဆက်ဖို့ အတွက် energy ဆိုတာဖြစ်လာမှာ.." ဆိုပြီး ပိုင်တံခွန်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

သတင်း အရင်းအမြစ်Paing Takhon's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T