သူ့ရဲရောဂါကိုကုသချင်လို့ မနက်ကတည်းကနေ ညနေစောင်းအထိ ကတ္တရာလမ်းပေါ်ထိုင်ပြီး အလှူခံနေတဲ့ အိမ်ယာမဲ့အဘိုးတစ်ဦး

//s9.kh1.co/82/82d920f2a93fa8beb4f886cebc765352d064ff44.jpeg
နေ့စဉ်သတင်းများ

 ၂၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲရောဂါကိုကုသချင်လို့ မနက်ကတည်းကနေ ညနေစောင်းအထိ ကတ္တရာလမ်းပေါ်ထိုင်ပြီး အလှူခံနေတဲ့ အိမ်ယာမဲ့အဘိုးတစ်ဦး

ဒီလိုကာလကြီးမှာ လူတိုင်းနီးပါး စီးပွါးရေးခက်ခဲနေကြတာကြောင့် သာမန်လက်လုပ်လက်စားပြည်သူတွေဆိုရင် ပိုပြီးတော့တောင် ခက်ခဲကြပါတယ်။အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘိုး၊အဘွားတချို့ကလည်း လက်ရှိအခြေအနေမှာတောင် လမ်းမပေါ်ထွက်ပြီး စားဝတ်နေရေးအတွက် ခွန်အားရှိသလောက် လုပ်ကိုင်စားသောက်နေရတာဖြစ်ပါတယ်။ပြည်သူတွေကတော့ လမ်းပေါ်မှာ စျေးရောင်းနေကြတဲ့ အဘိုး၊အဘွားတွေကို တွေ့တဲ့အခါတတ်နိုင်သလောက်လှူဒါန်းကြကာ လူအများအပြားသိပြီးကူညီနိုင်အောင်လို့လည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နှိုးဆော်ကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း အသက်(၇၅)နှစ်ရှိနေပြီဖြစ်တဲ့ အဘိုးတစ်ဦးက သူ့ရဲ့မုတ်ကျရောဂါကို ကုသချင်လို့ဆိုပြီး မနက်ကတည်းက လမ်းပေါ်ထွက်ကာ ညနေစောင်းအထိ အလှူခံနေတာဖြစ်ပါတယ်။ပြည်သူတစ်ဦးကတော့ နေပူကျဲတဲထဲမှာ ကတ္တရာလမ်းပေါ်ထိုင်နေတဲ့ အဘိုးကိုတွေ့မြင်ပြီး အခြေအနေကိုသွားမေးကြည့်ပေမယ့် အဘိုးကစကားပြန်မပြောနိုင်လို့ စာရေးပြီးပြောပြခဲ့တာ ဖြစ်ပါတယ်။အဘိုးကတော့ သူ့မှာအိမ်လည်းမရှိတာကြောင့် သူများအိမ်မှာကပ်နေရပြီး မတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်ရှာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘိုးကိုယ်တိုင် အလှူခံလို့ရလာတဲ့ ပိုက်ဆံ(၄)သောင်းကျော်ကိုလည်း လူနှစ်ယောက်ကလုယူသွားသေးတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်ဦးကတော့ အဘိုးရဲ့ရောဂါတွေကို ခွဲစိတ်ကုသပေးဖို့အတွက် အွန်လိုင်းပေါ်မှာ ကူညီပြီးအလှူခံပေးခဲ့တာဖြစ်ပါတယ်။အခုဆိုရင် အဘိုးရဲ့မုတ်ကျရောဂါနဲ့ မျက်စိခွဲစိတ်ကုသဖို့အတွက် အလှူငွေက ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်လည်း အိမ်ယာမဲ့နေတဲ့ အဘိုးကိုကူညီချင်တယ်ဆိုရင်တော့ ပဲခူးမြို့၊မြသာလျောင်းနား ဘိုးဘိုးကြီးဦးအောင်သန်းလို့ မေးမြန်းပြီး သွားရောက်လှူဒါန်းလို့ရကြောင်းကို ပြန်လည်နှိုးဆော်ပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T