ပြည်သူတွေအတွက် စားသောက်ကုန်နဲ့ အလှူငွေတွေအပြင် လိုအပ်တာတွေကို အဖက်ဖက်ကနေ ကူညီပံ့ပိုးပေးနေတဲ့ သန္တာလှိုင်

//s9.kh1.co/7b/7b8f923636624d67dfd784c49efee80ec7c5d989.jpg
အနုပညာရှင်များ

 ၂၂-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာလောကမှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ သန္တာလှိုင်ကတော့ အများပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နေကြပြီး လှူဒါန်းမှုတွေမှာလည်း တစ်တပ်တစ်အား ပါဝင်အားဖြည့်နေသူပဲ ဖြစ်ပါတယ်..။

လက်ရှိမှာလည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ သန္တာလှိုင်ကတော့ တော်လှန်ရေးမှာ အသက်ပေးကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုတွေအပြင် အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေသူတွေကိုလည်း တတ်နိုင်သလောက်ဖေးမကူညီနေတာ တွေ့ရပါတယ်..။

Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page

ကျဆုံးသွားကြတဲ့သူရဲကောင်းတွေရဲ့မိသားစုတွေကို အလှူငွေတွေလှူဒါန်းခဲ့တဲ့အပြင် ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေအတွက် ကာကွယ်ရေးပစ္စည်းတွေကိုလည်း ပံ့ပိုးကူညီပြီး လှိုင်သာယာကပြည်သူတွေအတွက်လည်း စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့တာပါ..။

လိုအပ်နေတဲ့နေရာတွေမှာ လှူဒါန်းမှုတွေနဲ့ အဖက်ဖက်ကနေပါဝင်အားဖြည့်နေတဲ့ သန္တာလှိုင်တို့အဖွဲ့ကတော့ လက်ရှိလှူဒါန်းထားတဲ့ အလှူပုံရိပ်လေးတွေကိုလည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။

Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page

"ကျွန်မတို့ ပြည်သူတွေရဲ့ အခြေခံ Basic Human Rights ဖြစ်တဲ့ ကျန်းမာရေး Health & Fitness ကို ပံ့ပိုးနေတဲ့သူတစ်ယောက်အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ကာလဆိုးအတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ရင်အားလုံး လက်လှမ်းမှီ ရယူနိုင်ဖို့ February 8 ရက်နေ့ကစ၍ T Fitness Application ကို အခမဲ့ အသုံးပြုရန် code နံပတ်လေးနဲ့ အချိန်အကန့်အသတ်မရှိ ဖွင့်ပေးထားခဲ့ပါတယ်။

February 8 ရက်နောက်ပိုင်းကနေစလို့ ယနေ့အချိန်ထိ အခမဲ့ သုံးလို့ရပေမယ့်လည်း T Fitness Application ကို အားပေးဝယ်ယူခဲ့ကြတဲ့ မန်ဘာများလည်း ရှိခဲ့တာကြောင့် February 1 ရက်နေ့မှစ၍ ဝင်ငွေအားလုံးT Fitness members များ ကိုယ်စား စစ်အာဏာရှင်ကို တော်လှန်ရင်း အရှေ့တန်းမှကျဆုံးခဲ့သော အာဇာနည်များ၏ ကျန်ရစ်သူမိသားစုများ ကို နောက်တန်းကနေ ပံ့ပိုးအားပေးခဲ့ပါတယ်။ ရှေ့တန်းမှ တိုက်ပွဲဝင်နေကြတဲ့ လူငယ်များကိုလည်း တတ်နိုင်သမျှ အဖိတ်အစင် မဖြစ်စေဖို့ ကာကွယ်ရေးပစ္စည်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီခဲ့ပါတယ်။ အရေးတော်ပုံကြီးအောင်မြင်ပြီးဆုံးသွားမှ ဓါတ်ပုံများကို သေချာတင်ပေးပါမယ်။

လက်ရှိပုံတွေကတော့ အကျအဆုံးများခဲ့တဲ့ လှိုင်သာယာမှ သူရဲကောင်းများကို ကျွန်မရဲ့ တတ်နိုင်သလောက်နဲ့အတူ Fitness member များရဲ့တာဝန်သိပံ့ပိုးမှုများဖြင့် ကျဆုံး အာဇာနည် လေးဦးရဲ့ ကျန်ရစ်သူ မိသားစုတွေ၊ ကျည်ထိ ဒဏ်ရာရ သူတွေရဲ့ မိသားစုတွေထံ T Fitness Team မှ အားပေး ကူညီကြရင်း နောက်ထပ် လက်တွဲပြီး ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

တချို့ကျဆုံးသူတွေရဲ့ မိသားစုက အင်မတန် ဆင်းရဲပြီး ကလေးတွေက ငယ်သေးတော့ အားတင်းပြီး ရှေ့ဆက်နေကြတာကိုတွေ့ခဲ့ရပါတယ်။ လှိုင်သာယာမြို့နယ်က မိသားစု ၁၂၀ စုအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကြက်ဥ နဲ့ တခြားသော စားသောက်ကုန်တွေ၊ မီးသတ်ဆေးဘူးတွေကိုလည်း တပါတည်း ထောက်ပံ့နိုင်ခဲ့ပါတယ်။

ဒီလိုအနောက်တန်းမှ ပါဝင်ကူညီဖို့ ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ယောမင်းကြီးလူငယ်အဖွဲ့နဲ့ မိသားစုဝင်များကိုလည်း ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်ပါတယ်နော်။

အရေးတော်ပုံ အောင်ရမည် !!!.." ဆိုပြီး သန္တာလှိုင်က ပရိသတ်တွေကို ပြန်လည်အသိပေးပြောပြထားတာပါ..။

Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page
Photo Credit - Thandar Hlaing သန္တာလှိုင် Fb Page

သတင်း အရင်းအမြစ်Thandar Hlaing သန္တာလှိုင် Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T