လက်ရှိအချိန်တွင် အခက်အခဲဖြစ်နေကြသော ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဖို့အတွက်ပြင်ဆင်နေတဲ့ စူးရှထက်ရဲ့ဗီဒီယို

//s9.kh1.co/96/9693ab7745d9f6fdf65f689fff64ae7934854e4c.jpeg
အနုပညာရှင်များ

 ၂၂-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ် စူးရှထက်ကတော့  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားသူတစ်ဦးလည်း  ဖြစ်ပါတယ်။  အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေနဲ့အတူ  မှန်ကန်တဲ့ဘက်ကနေ  မားမားမတ်မတ်  ရပ်တည်ပေးနေသူလည်း  ဖြစ်ပါတယ်။  သူမကတော့  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ ဖေဖော်ဝါရီလအစကတည်းမှ စတင်ကာ  တက်ကြွစွာပူးပေါင်းပါဝင်နေသူတစ်ယောက်လည်း  ဖြစ်ပါတယ်။

Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 

လက်ရှိအခြေအနေတွင်  စားဝတ်နေရေး အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့  ပြည်သူတွေအတွက် သူမစုဆောင်းထားတဲ့  ငွေကြေးတစ်ချို့နဲ့ စားသောက်ကုန်တစ်ချို့ကို  လှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။  သူမရဲ့မွေးနေ့ရက်မှာလည်း အလှူအတန်းတွေ  ပြုလုပ်ရင်းနဲ့သာ  ဖြတ်သန်းခဲ့တာပဲ  ဖြစ်ပြီး  ပရိသတ်တွေကလည်း  စူးရှထက်ရဲ့ မွန်မြတ်တဲ့အလှူလေးကို  သာဓုခေါ်နေကြတာပါ။  မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  စူးရှထက်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်  ပုံရိပ်တစ်ချို့ကို တင်ပေးထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 

သူမကလည်း " အခုချိန်မှာစားဖို့အခက်အခဲဖြစ်နေကြမှာဘဲလေ 

ကိုယ့်မှာရှိတာလေးသိမ်းထားလို့

ကိုယ်ဘယ်လောက်စားနိုင်မှာလည်းနော် 

ရှိတာလေးနဲ့ ဝေစားမျှစားကြမယ်နော်???" ဆိုပြီး  လှူဒါန်းဖို့  ပြင်ဆင်နေတဲ့ ပုံရိပ်နဲ့ဗီဒီယိုဖိုင်ကိုပါ  တင်ထားတာဖြစ်တာကြောင့်  ပရိသတ်တွေလည်း  သိရှိနိုင်အောင်  စူးရှထက်ရဲ့ သတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Sue Sha Htet’s Facebook Account 

Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T