ကျဆုံးသွားကြတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီ အလှူငွေသွားရောက်လှူဒါန်းပြီး ဖေးမကူညီခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

//s9.kh1.co/18/18c45e88b92da7e80f69fe5249679c2397a49bb8.jpg
အနုပညာရှင်များ

 ၂၂-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားဝေဠုကျော်ကတော့ ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသလို ပရဟိတအလုပ်တွေမှာလည်း တစိုက်မတ်မတ်လုပ်ဆောင်တာတွေကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေကြတာပါ..။

အလှူတွေပြုလုပ်ပြီး ပြည်သူတွေအတွက် အမြဲရပ်တည်နေတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်အားဖြည့်ပါဝင်နေတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page

အဖက်ဖက်ကနေ ပြည်သူတွေအတွက် ပါဝင်အားဖြည့်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း အလှူငွေတွေ ဖေးမကူညီလှူဒါန်းခဲ့ပြန်ပါတယ်..။

မတ်လ(၁၄)ရက်နေ့က ကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီကို သွားရောက်ကာ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြတာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။

Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page

"မတ် ၁၄ရက်နေ့က သဃ်န်းကျွန်းသပိတ်မှာ ကျဆုံးသွားသူ တူဝရီး ၂ယောက်ပါ

မိသားစုအတွက်တော့ တော်တော် သောကဖြစ်ရမှာပါ။

တစ်တိုက်ထဲနေပါတယ်

အောက်ထပ်နဲ့ ၃လွှာမှာပါ။

ကိုကျော်မင်းသူ ၃၂နှစ်

မောင်မျိုးမင်းထွန်း ၂၀ နှစ်

ကျမတို့ ဝေဠုကျော် ဖောင်ဒေးရှင်းမှလဲ တစ်သိန်းကျပ်စီ

လှူပေးခဲ့ပါတယ်။

လိပ်စာက ဆ /က ရပ်ကွက် ၊ရတနာဒီပလမ်း၊ အမှတ် ၉၇ပါ.." ဆိုပြီးတော့လည်း အလှူရှင်တွေ လှူဒါန်းနိုင်ဖို့အတွက် လိပ်စာကိုလည်း ပြောပြထားပါသေးတယ်..။

ကျန်ရစ်သူမိသားစုတွေကို သွားရောက်လှူဒါန်းခဲ့ပြီး ဖေးမကူညီခဲ့ကြတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page
Photo Credit - Wai Lu Kyaw Faundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Faundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T