ဝန်ထမ်းတိုက်ခန်းကနေ ဖယ်ပေးရတော့မှာဖြစ်တာကြောင့် သူတို့ရဲ့ကုန်စုံဆိုင်လေးမှာ စျေးလာဝယ်ပေးဖို့ အကူအညီတောင်းခံလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/bb/bb6b6b58272c543d842c0cb6afb72721126b492c.jpg
နေ့စဉ်သတင်းများ

 ၂၂-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဝန်ထမ်းတိုက်ခန်းကနေ ဖယ်ပေးရတော့မှာဖြစ်တာကြောင့် သူတို့ရဲ့ကုန်စုံဆိုင်လေးမှာ စျေးလာဝယ်ပေးဖို့ အကူအညီတောင်းခံလာတဲ့ ပြည်သူတစ်ဦး

အလုပ်တွေရပ်နားပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်လာကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကတော့ သူတို့နေထိုင်ရာ ဝန်ထမ်းအိမ်ရာတွေကိုပါ စွန့်ခွာခဲ့ရတာပဲ ဖြစ်ပါတယ် ။ ပြောင်းရွှေ့ခြင်းခံရပြီး နေထိုင်စရာနေအိမ်တွေ လိုအပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေက အခုဆိုရင် မြန်မာနိုင်ငံအနှံ့မှာ အများအပြားရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ စေတနာရှင်ပြည်သူတွေလည်း သူတို့ရဲ့ဘဝကိုစာနာနားလည်ပြီး တတ်အားသရွေ့ ဖေးမကူညီနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ပြည်သူတစ်ယောက်က သူ့အနေနဲ့ ဝန်ထမ်းအိမ်ရာတိုက်ခန်းကနေ ဖယ်ပေးရတော့မှာဖြစ်တာကြောင့် အကူအညီတစ်ခု တောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။ သူနေထိုင်ရာတိုက်ခန်းမှာ ကုန်စုံဆိုင်အသေးလေးဖွင့်ထားတာကြောင့် အခုလိုပြောင်းရွှေ့ရမယ့်အချိန်မှာ ပစ္စည်းတွေကို အကုန်သယ်သွားဖို့ မလွယ်ကူကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ သားအမိနှစ်ယောက်သာရှိတဲ့ သူတို့ရဲ့ဘဝကတော့ ဆိုင်ကိုအကုန်ပိတ်သိမ်းရတော့မှာဖြစ်လို့ ကူညီပေးမယ့်သူတွေ လိုအပ်နေတာ ဖြစ်ပါတယ် ။ 

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါကြောင့် "သူငယ်ချင်းတို့ လိုအပ်တာလေးများရှိရင် လာဝယ်ပေးပါဦးဗျ???" ဆိုပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။ သူတို့ရဲ့ဘဝကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ပြည်သူ့ဝန်ထမ်း မိသားစုဝင်တစ်ဦးကတော့ ပြောင်းရွှေ့မယ့်နေရာမှာ ကြွက်၊ပုရွက်ဆိတ်၊ခြပေါလို့ စျေးလည်းမရောင်းနိုင်တော့တာ ဖြစ်ပါတယ် ။ ဝန်ထမ်းတိုက်ခန်းကနေ ဖယ်ပေးရတော့မှာဖြစ်တာကြောင့် သူတို့ဖွင့်ထားတဲ့ကုန်စုံဆိုင်လေးမှာ စျေးလာဝယ်ပေးဖို့ မေတ္တာရပ်ခံလာတဲ့ ပြည်သူတစ်ယောက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T