နေအိမ်တစ်လုံးတောင် အတည်တကျမရှိသေးတဲ့ မီးရထားဝန်ထမ်း မိသားစုဝင်တစ်ယောက်ရဲ့အဖြစ်ကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/09/09bb3972cf4829cca9f2ce9b05ffb49b9da12e16.jpg
နေ့စဉ်သတင်းများ

 ၂၂-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နေအိမ်တစ်လုံးတောင် အတည်တကျမရှိသေးတဲ့ မီးရထားဝန်ထမ်း မိသားစုဝင်တစ်ယောက်ရဲ့အဖြစ်ကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

အခုချိန်မှာတော့ ပြည်သူတွေက သူတို့တတ်နိုင်တဲ့ဘက်ကနေ တာဝန်ကိုယ်စီယူပြီး လူထုလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက် ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ ပြည်သူ့ဝန်ထမ်းတွေကလည်း သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို ရပ်နားခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း လူတစ်ယောက်က မန္တလေးမီးရထားဝန်ထမ်းတွေရဲ့ဘဝကို သူမြင်တွေ့ခဲ့ရတဲ့အတိုင်း ပြန်ပြောပြလာတာ ဖြစ်ပါတယ် ။

Photo Credit-"SHIN Captures" Photography
Photo Credit-"SHIN Captures" Photography

သူ့ရဲ့ပြောပြချက်အရ မန္တလေးမီးရထားဝန်ထမ်းတွေမှာ ဝန်ထမ်းသေဆုံးရင် ကျန်ခဲ့တဲ့မိသားစုတွေက ဝန်ထမ်းအိမ်ရာကနေ ဆင်းပေးကြရပြီး ကျူးကျော်တဲဆောက်ကာ နေကြရတာပဲ ဖြစ်ပါတယ်။ မိသားစုထဲမှာ နောက်ထပ် မီးရထားဝန်ထမ်းရှိလာပေမယ့်လည်း အခုထိ နေစရာတိုက်ခန်းမရသေးဘဲ ကျူးကျော်တဲမှာပဲ ဆက်နေနေရတဲ့ ပြည်သူတွေလည်း ရှိနေတာ ဖြစ်ပါတယ် ။ ဒီအကြောင်းကို ပြောပြထားတဲ့သူက မီးရထားဝင်းထဲရှိ ကျူးကျော်တဲမှာနေတဲ့ ဝန်ထမ်းမိသားစုဝင်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-"SHIN Captures" Photography
Photo Credit-"SHIN Captures" Photography
Photo Credit-"SHIN Captures" Photography
Photo Credit-"SHIN Captures" Photography

ပုံထဲကတက်တူးပိုင်ရှင် အန်တီကြီးကတော့ သူမတို့မိသားစုဝင်တွေရဲ့နာမည်တွေကို လက်မှာတက်တူးနဲ့ ရေးထိုးမှတ်သားထားရတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အန်တီကြီးက မန္တလေးမြို့မှာကျဆုံးသွားတဲ့ သူရဲကောင်းမလေး ကြယ်စင်ရဲ့ဓာတ်ပုံကိုလည်း တက်တူးရေးထိုးပြီး ဂုဏ်ပြုထားတာ ဖြစ်ပါတယ် ။ နေအိမ်တစ်လုံးတောင် အတည်တကျမရှိသေးတဲ့ ဝန်ထမ်းမိသားစုဝင်တစ်ဦးဖြစ်ပေမယ့်လည်း သူတတ်နိုင်တဲ့ဘက်ကနေ နိုင်ငံအတွက် တာဝန်ကျေပေးနေတဲ့ အန်တီကြီးရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-"SHIN Captures" Photography

Photo Credit-"SHIN Captures" Photography
Photo Credit-"SHIN Captures" Photography
Photo Credit-"SHIN Captures" FB Page
Photo Credit-"SHIN Captures" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T