ဖခင်ဖြစ်သူက ကျဆုံးသွားတာကြောင့် မိဘမဲ့ဖြစ်သွားတဲ့ကလေးတွေအတွက် တိုက်ခန်းလေးတစ်ခန်းပေးအပ်ပြီးတတ်နိုင်သလောက်ကူညီခဲ့တဲ့ ပြည်သူတချို့

//s9.kh1.co/41/418f7286f4e9339a640f7e2b716bb8e7ef77a159.jpeg
နေ့စဉ်သတင်းများ

 ၂၂-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဖခင်ဖြစ်သူက ကျဆုံးသွားတာကြောင့် မိဘမဲ့ဖြစ်သွားတဲ့ကလေးတွေအတွက် တိုက်ခန်းလေးတစ်ခန်းပေးအပ်ပြီးတတ်နိုင်သလောက်ကူညီခဲ့တဲ့ ပြည်သူတချို့

ပြည်သူလူထုနဲ့အတူ ရဲစွမ်းသတ္တိအပြည့်နဲ့ပါဝင်ရင်း အသက်ပေးသွားရတဲ့ သူရဲကောင်းတွေအတွက်လည်းစေတနာရှင်ပြည်သူတစ်စုက ကျန်ရစ်သူမိသားစုကို ဝိုင်းဝန်းကူညီပေးနေတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ အစ္စလာမ်ဘာသာဝင် ရှဟီဒီမာမွတ်ဘိုင်(ခ)ကိုသေးကတော့ မတ်လ(၁၅)ရက်နေ့မှာ ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး မတ်လ(၁၆)ရက်နေ့ မနက်စောစော(၅:၃၀)မှာတော့ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ကျဆုံးသွားတဲ့သူရဲကောင်း ကိုသေးမှာဆိုရင် သားသမီးတွေလည်းရှိတာကြောင့် ကလေးတွေကတော့ မိဘမဲ့ဖြစ်သွားရရှာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရှဟီဒီမာမွတ်ဘိုင်(ခ)ကိုသေးရဲ့ သားသမီးတွေကတော့ သမီးကြီးရိုကိုင်ရာ(၁၂)နှစ်နဲ့ သားငယ် ရှာအ်ဗာန်(၇)နှစ် တို့ဖြစ်ပါတယ်။ကိုသေးက အသက်ရှိစဉ်တုန်းကဆိုရင် ရပ်ကွက်ထဲမှာ သူဝါသနာပါတဲ့ လျှပ်စစ်၊မီးပူ၊ပန်ကာ၊ပေါင်းအိုး စတာတွေကို ပြင်ပေးပြီး ရိုးရိုးသားသားလုပ်ကိုင် စားသောက်တာ ဖြစ်ပါတယ်။ကိုသေးကတော့ လူပုံကသေးသေး၊ဖြူဖြူပျော့ပျော့လေး ဖြစ်ပေမယ့် လူထုလှုပ်ရှားမှုတွေမှာဆိုရင် တက်တက်ကြွကြွနဲ့ရှေ့ဆုံးကနေပါဝင်တာ ဖြစ်ပါတယ်။ကိုသေး ကျဆုံးမယ့်နေ့ကဆိုရင်လည်း အိမ်မှာပန်ကာပြင်​နေရင်း လူအင်အားလိုလို့လာဝိုင်းပေးကြပါဆိုပြီးခေါ်တယ်ကြားလို့ ညီအစ်ကိုတွေ ထွက်လိုက်သွားကြတာ လို့ သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုသေးရဲ့ဇနီးသည်က လွန်ခဲ့တဲ့ငါးနှစ်ကျော်က ဆုံးပါးသွားခဲ့တာဖြစ်ပြီး အခုလည်း သူပါကျဆုံးသွားတာကြောင့်ပြည်သူလူထုကတော့ ကလေးတွေအတွက် အရမ်းစိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်စုကလည်း ကိုသေးရဲ့ကျန်ရစ်သူမိသားစုအတွက် တစ်နိုင်တစ်ပိုင်လေး လှူဒါန်းကြပြီး တိုက်ခန်းလေးတစ်ခန်းကိုလည်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။ကလေးတွေအတွက် မွေ့ယာ၊ခေါင်းအုံး စတဲ့ပစ္စည်းလေးတွေကိုလည်း ပြည့်ပြည့်စုံစုံစီစဉ်ပေးကြတာဖြစ်ပါတယ်။အခုလိုမျိုး ဝိုင်းဝန်းလှူဒါန်းကြတဲ့ ပြည်သူတွေရဲ့အလှူကို သာဓုခေါ်ရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T