စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ပြည်သူ့သူရဲကောင်းတွေကို အမြဲအမှတ်တရရှိစေရန်အလှူငွေတွေ မတည်လှူဒါန်းကြဖို့တိုက်တွန်းလိုက်တဲ့ မင်းမော်ကွန်း

//s9.kh1.co/32/323cb3de44e4b62479b7f244a1a4eb8fa9e6651c.jpg
အနုပညာရှင်များ

 ၂၁-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်အကယ်ဒမီမင်းမော်ကွန်းကတော့ ဖေဖော်ဝါရီလကတည်းက ယနေ့အချိန်ထိ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေ အင်တိုက်အားတိုက် ပြုလုပ်ဆောင်ရွက်နေတာကို တော်တော်များများတွေ့မြင်ကြမှာပါ..။

လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ကျောင်းသားပြည်သူတွေအပြင် အနုပညာရှင်တွေများစွာကလည်း အားကြိုးမာန်တက်ပါဝင်နေကြတာဖြစ်ပြီး အချင်းချင်းဖေးမကူညီမှုတွေနဲ့ လှူဒါန်းမှုတွေကိုလည်း အဆက်မပြတ်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc

အခုလိုအချိန်မှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ အဖက်ဖက်ကနေ ပေးဆပ်သွားကြသူတွေအပြင် ပေးဆပ်နေကြဆဲဖြစ်တဲ့ သူရဲကောင်းတွေအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းပြီး ပြန်လည်ဂုဏ်ပြုစေဖို့အတွက် မင်းမော်ကွန်းက တိုက်တွန်းလိုက်ပြန်ပါတယ်..။

အသက်ပေးကျဆုံးသွားကြတဲ့သူရဲကောင်းတွေရဲ့ မိသားစုတွေအပြင် မီးရထားဝန်ထမ်းတွေနဲ့ အခြားပြည်သူ့ဝန်ထမ်းတွေကို အမြဲတမ်းသတိတရနဲ့ အမြဲအမှတ်တရရှိနေစေဖို့ကို အလှူငွေတွေ မတည်လှူဒါန်းကြဖို့ တိုက်တွန်းထားတာပါ..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc

"မီးရထားဝန်ထမ်းများနှင့်

ကျန်သော CDM သူရဲကောင်းများကို

အမြဲတမ်းသတိတရရှိနေဖို့

တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံခဲ့သော

အာဇာနည်များရဲ့မိသားစုများကို

အမြဲအမှတ်တရရှိနေဖို့

အမြဲတမ်းအတွက် အလှူငွေ

ပဒေသာပင်များ မတည်ဆောင်ရွက်ပေးကြဖို့

တစ်နိုင်ငံလုံးအား တိုက်တွန်းလိုက်ရပါသည်.." ဆိုပြီး ရေးသားတိုက်တွန်းထားတာဖြစ်ပါတယ်..။

အခြားပနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း အခြေအနေတွေ အေးချမ်းတည်ငြိမ်သွားရင် စတင်လုပ်ဆောင်ကြမယ့်အကြောင်းလေးတွေကို Comment လေးတွေမှာ ပြန်လည်ရေးသားပြောပြထားကြတာ တွေ့ရပါတယ်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T