လှိုင်သာယာမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုကို အလှူငွေများ သွားရောက်လှူဒါန်းရင်း အားပေးစကား ပြောခဲ့တဲ့ လင်းအောင်ခေတ်

//s9.kh1.co/40/40570a231680f4584b4e8f7bbbd16158727afe85.jpeg
အနုပညာရှင်များ

 ၂၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

လင်းအောင်ခေတ်ကတော့ ဖေဖော်ဝါရီလထဲစတင်ခဲ့တဲ့ ဒီလူထုလှုပ်ရှားမှုကြီးမှာ စိတ်ရောကိုယ်ရော အခိုင်အမာရပ်တည်ကာ အားကြိုးမာန်တက်ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။တစ်ရက်မပျက် လမ်းမပေါ်ထွက်ကာ ရင်ထဲကဆန္ဒတွေကို ရဲရဲဝင့်ဝင့်ထုတ်ဖော်ခဲ့သလို ရှေ့တန်းကနေလည်း ဖြိုခွင်းသမျှကို ကာကွယ်ခုခံရင်း ရရာနေရာတွေကနေ ပါဝင်အားဖြည့်ခဲ့တာကိုလေးစားစွာတွေ့မြင်ရပါတယ်။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account

အရင်လို ငြိမ်းချမ်းစွာ ရင်ထဲကဆန္ဒတွေကိုထုတ်ဖော်ခွင့်မရှိတော့ပေမယ့်လည်း ပြည်သူတွေကတော့ အားမလျော့ဘဲ အပစ်အခတ်တွေ ဖြိုခွင်းမှုတွေကြားကနေပဲ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ရှိဖို့အတွက် ဆက်လက်လှုပ်ရှားပါဝင်နေကြတာပါ။ခုဆိုရင် ပြည်သူတွေဟာ အသက်အိုးအိမ်တွေပါ ဆုံးရှုံးရသည်ထိ နေရာအနှံအပြားမှာ ကြုံတွေ့နေရပြီး သတင်းတွေတက်လာတိုင်းလည်း သွေးမတော်သားမစပ်ကြပေမယ့် အားလုံးက ယူကြုံးမရ ဝမ်းနည်းမျက်ရည်ကျကြရတာအမှန်ပါပဲ။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account

ဒီလို အတားအဆီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကာ လှုပ်ရှားမှုပြုရင်း ကြွေလွင့်သွားကြတဲ့ သူရဲကောင်းလေးတွေကို ပြည်သူတွေက လေးစားဂုဏ်ပြုရင်း ဆုတောင်းပေးကြသလို အနုပညာရှင်တွေကလည်း ကျန်ရစ်သူမိသားစုတွေကို တတ်နိုင်သလောက် အလှူငွေများသွားရောက်လှူဒါန်းခဲ့ကြတာလည်းဖြစ်ပါတယ်။အခုလည်းလင်းအောင်ခေတ်ဟာ လှိုင်သာယာက ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုကို အလှူငွေများ သွားရောက်လှူဒါန်းရင်း အားပေးစကားပြောကာ နှစ်သိမ့်ပေးခဲ့ပါတယ်။ ပုံလေးတွေနဲ့အတူ " လိပ်ပြာတွေလုံချင်ရုံမဆောင်ခဲ့ပါဘူးချစ်သော လှိုင်သာယာရေ။ကျနော်တို့တတ်နိုင်သလောက်ကျနော်တို့ဖေးမကြရအောင်ဗျာ။တကယ်ကို ချို့တဲ့တာတဲ့ ပိုလွန်းတယ်ဗျာ။မျက်ဝန်းတွေမှာ အားငယ်နေတဲ့ အရောင်တွေအတွက် ကျနော်တို့ ဆက်ပြီး ဖေးကူအုံးမှာပါ" ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း ကြွေလွင့်သွားတဲ့ အာဇာနည်တွေအားလုံးလည်း ကောင်းရာသုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account
Source & Photo Credit : Lin Aung Khit Facebook Account
Source & Photo Credit : Lin Aung Khit Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T